Download လုပ်မည့်သူများ သေချာစွာ အရင်ဖတ်ပါ

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။
Step 1 Click Download Button.

** Step-2. "5sec". လောက်စောင့်ပေ:ပါ။
Step 2 Please Wait 5 Sec.

**
Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
Step 3 Click " << SKIP AD >> " on the right conner.

** Step-4. Download Link ကျလာပါလိမ့်မယ်။
Step 4 Download Link will be appeared.

** အဆင်ပြေပါစေဗျာ။
**Good luck.Thank you.

Sunday, October 7, 2018

HS

၁၉၉၀ခုနှစ်မွေးကုမှာအလုပ်ဝင်တော့ချင်းပြည်နယ်
တွန်းဇံမြို့နယ်မှာတာဝန်ကျပါတယ်
မြို့နယ်ရဲ့မြောက်ဖက်အရှေ့ဖက်တွေမှာကလေးမြို့နယ်
တမူးမြို့နယ်တို့နဲ့ဆက်စပ်ပါတယ်အဲဒီမြို့နယ်အစပ်
တွေမှာ ရာဇဂြိုဟ်ခုံသာခမ်းပတ်ကနန်စော်ဘွားရေရှင်
ကျွန်းတောရေရှင်ရွာတွေမှာလည်ချောင်းကွဲရောဂါ
ဖြစ်ပီးကျွဲတွေရာနဲ့ချီသေပါတယ်
နေရဉ္ဇရာချောင်းထဲမှာကျွဲသေတွေထပ်နေရော
ရောဂါဖြစ်နေတဲ့ကျွဲတကောင်ရှာထော်ဇန်ရွာမှာတွေ့
ဝမ်းယောင်တယ်ဗိုက်အောက်မှာoedemaဖြစ်တယ်
ကျနော်ကငယ်ငယ်  surra လို့မှတ်တာ  သိဘူးလေ
ကလေးမြို့ရောက်တော့ဆရာပြုံးမေးကြည့်တော့မှ
လည်ချောင်းကွဲလေကွာညီလေးရ တဲ့
ချင်းပြည်နယ်ကမန္တလေးတိုင်းဝမ်းတွင်း နောက်
ကျောက်ဆည်ရောက်  ၂၀၀၃ခုနှစ် မြဘုရင်နို့ချက်
စက်ရုံကနို့စားနွားမွေးတော့  ဝမ်းရောင် ချီးအရည်
တွေဒလဟောပန်းတဲ့နွားမတကောင်တွေ့ပါတယ်
ဝမ်းလျော ဝမ်းပျက်ဆိုပီးoxy chloram ထိုးတယ်
သေသွားတယ်  sampleယူပီးဓါတ်ခွဲခန်းပို့လိုက်တော့
pasteurella ပေါက်ပါတယ်
ပြောချင်တာကလည်ချောင်ကွဲရောဂါ အညာ ဒေသမှာ
မဖြစ်ဘူး မိုးများတဲ့ဒေသနဲ့တောင်ပေါ်ဒေသမှာပဲဖြစ်တယ်ဆိုတဲ့
အယူအဆအလွဲကိုအခြေအမြစ်မရှိတရားသေဆုပ်
ကိုင်ထားတဲ့လူတွေတော်တော်ကြီးကိုများနေတာပါ
နောက်ပီးကျွဲတွေပဲsensitiveဖြစ်တာနွားမဖြစ်ဘူး
ဆိုတဲ့အလွဲ  ကျနော့်အတွေ့အကြုံအရကျွဲသာမက
နွားရောဝက်ရောတော်တော်များများကိုဖြစ်ပါတယ်
မိတ္ထီလာဖက်နို့စားနွားတခြံမှာဖြစ်တော့ နွားသေတယ်
ရောဂါအရှိန်မြင့်လာတော့ရုတ်တရက်လဲသေ
ဒီတော့ဒေါင့်သန်းလို့ထင်  ဒေါင့်သန်းကာကွယ်ဆေးထိုး  ဆက်သေ
ရုတ်တရက်လဲသေတိုင်းဒေါင့်သန်းမဟုတ်
လည်ချောင်းကွဲ ပေါင်ပုပ်လက်ပုပ်တို့လည်း
ချက်ချင်းလဲသေတတ်ပါတယ်
နောက်ဆုံးဓါတ်ခွဲခန်းကdr win myint ကပေါင်ရိုး
တချောင်းယူခဲ့ဆိုပီးစစ်ဆေးတော့မှလည်ချောင်းကွဲ
အတည်ပြုနိုင်ပီးdrug sensitivity testပါလုပ်ပေး
ampicillin နဲ့ကုသလိုက်မှရောဂါထိန်းချုပ်နိုင်ပါတယ်
ခုကျနော်ရှမ်းပြည်ရောက်တယ်  ပေါမှပေါ လည်ချောင်းကွဲ  အောက်စီဘဲထိုးနေကြတာ
ကုမရဘူးမပျောက်ဘူးပေါ့  ဂျင်တာထိုးခိုင်းလိုက်တယ် ပျောက်ပါတယ်ဗျ
ရောဂါလက္ခဏာကလည်ပင်းရောင်တာ ချောင်းဆိုး
တာဟုတ်ချင်မှဟုတ်လိမ့်မယ်  အများအားဖြင့်
dyspnoea    difficult breathing တွေ့ရတာပါ
အသက်ရှူသွင်းပီး အောင့်ပီးမှရှူထုတ်တဲ့ပုံစံ
တွေ့ရပါလိမ့်မယ်ဝက်ကောနွားကောကျွဲရောတွေ့
နိုင်ပါတယ် အသက်ရှူကြပ်လို့အအိပ်နဲပါတယ်
တချို့ကျွဲနွားတွေမှာဝမ်းရောင်ပီး ဝမ်းအရည်ဒလဟော
သွားတာလည်းတွေ့ပါတယ်
မေထုန်နွားမတွေမွေးဖွားပီးခါစတွေမှာတွေ့ရတတ်ပါ
တယ် hydrocortisone နဲ့gentamycinဒါမှမဟုတ်
ampicillinထိုးပါပျောက်ပါတယ်doseပြည့်ဖို့တော့
လိုတာပေါ့
မေထုန်နွားမွေးတဲ့ခြံကြီးများလည်ချောင်းကွဲကာ
ကွယ်ဆေးမဖြစ်မနေထိုးပါ လည်ချောင်းကွဲရောဂါ
မဖြစ်ဖူးဆိုပီးမထိုးဘဲမနေပါနဲ့
နောက်သိုးဆိတ်တွေမိုးတွင်းခြံစိုစွတ်ရင်
ဆောင်တွင်းအအေးလွန်နှင်းခါးရိုက်ရင်
ဖြစ်နိုင်တာမို့ကာကွယ်ဆေးထိုးထားသင့်ပါကြောင်း
လည်ချောင်းကွဲရောဂါအညာဒေသမှာမဖြစ်ဘူး
ဆိုတဲ့ဟောင်းနွမ်းဆွေးမြေ့နေတဲ့အယူအဆတော့
ဒီပို့စ်ဖတ်ပီးတခါတည်းလွှင့်ပစ်လိုက်ပါတော့လို့

Dr.Thein Min

မေထုံမဲ့သားစပ်​လုပ်​ငန်း​အောင်​မြင်​​ရေး ​သော့ချက်​၁၀ချက်

မေထုံမဲ့သားစပ်​လုပ်​ငန်း​အောင်​မြင်​​ရေး
သော့ချက်​၁၀ချက်

၁။သားမ​တောင်း​သည့်​သား​တောင်း​အောင်
လုပ်​တတ်​ရမည်
မည့်​သည့်​နွားမမဆို
သန်​ချ​ဆေး
သံဓာတ်​ နဲ့ စီဗစ်​ထိုးပါ
မ​တောင်း​သေးရင်
နွားမကြီး  ​အောက်​စီတိုစင်​ ဘီကွန်​ ထိုးပါ
မဒန်း အီစထရိုဂျင်​ ၅ နဲ့ ပရိုဂျက်​စတီရုန်း ၁စီစီထိုး
တောင်းပါလိမ့်​မည်
၂။သားစ​တောင်းပီး  ၁၈ နာရီ​ကျော်​မှစပ်​ပါ
မနက်​သား​တောင်း ည​နေစပ်​တာ
တော်​​တော်​​စော​နေပါသည်
မနက်​သား​တောင်း  ​နောက်​​နေ့မနက်​မှစပ်​ပါ
နောက်​မကျပါ
၃။မ​အောင်​ခဲ့လျှင်​​နောက်​တကြိမ်​ပြန်​မစပ်​ခင်
သေချာ​မေးပါ
ပီးခဲ့တဲ့အပတ်​သား​တောင်းပီး စပ်​ပီး ​ဆော့​နေ​သေးတယ်
ဆိုရင်​​နောက်​ထပ်​ ၆နာရီ​နောက်​ဆုတ်​စပ်​ပါ
သို့မဟုတ်​ ၁၂နာရီ  ၁၈ နာရီ
သား​တောင်းလက္ခဏာရပ်​သည်​ထိ​နောက်​ဆုတ်​ပါ
၅၆. နာရီထိ​နောက်​ဆုတ်​စပ်​ဘူးပါသည်
၉ခါစပ်​ပီးမရ​သောနွားမ သား​အောင်​သွားပါသည်
အချိန်​မမှားဘူးဆိုရင်​​ဆေးထိုးပါ
သားအိမ်​မပိတ်​လို့မရတာပါ
Ana 10cc oxytetra 15 cc​ရောထိုး
၂ပိုက်​ထိထိုးလို့ရပါသည်
အောင်​သွားပါလိမ့်​မည်
၎။ cervix အချင်း ၁လက္မ​အောက်​ တ​ချောင်း
တလက္မခွဲအထက်​ကြီး​နေရင်​တချို့၎လက္မ
လောက်​ရှိပါတယ်
အဲ​လောက်​ကြီးသွားရင်​၂​ချောင်းထည့်​ပါ
တခါတည်းထဲ့ပါ  volumeများဖို့လိုတာ
ဖြစ်​ပါတယ်​ အချိန်​လွဲတာမဟုတ်​ပါ
Cp မျိုး​ချောင်း .5cc စပ်​တာ
.25ccထက်​မျိုး​အောင်​နှုန်းပို​ကောင်းတာ
တွေ့ရပါတယ်​ ဒါ​ကြောင့်​ဒီနည်းသုံးတာပါ
တ​ချောင်းစပ်​ ​အောင်​နှုန်း ၄၀ရာနှုန်း
၂​ချောင်းစပ်​ ၈၀ရာနှုန်း​အောင်​ပါတယ်
တဖက်​က​မေထုံမဲ့စပ်​ခါစမှာ
Non returned rate များမှ
စည်းရုံး​ရေး​အောင်​မြင်​တာပါ
ကျောက်​မဲမှာ ​နောင်​ပိန်​  စခန်းသာ ၂မိုင်​ကုန်း
လမ်းခွဲက. နွားသိုး​တွေ​ရောင်းပလိုက်​ကြပါဘီ
မေထုံမဲ့ဘဲစပ်​ကြ​တော့မှာပါ
၅။မျိုး​ချောင်းthawing လုပ်​ရာမှာ
လက်​ဝါးထဲထဲ့ပီး မပွတ်​ရ
သုတ်​ပိုး​တွေနာနိုင်​ပါတယ်
ရေ​နွေးကြက်​သိမ်း​နွေးနဲ့​လောင်းချပါ
ဒါမှမဟုတ်​​နွေးတဲ့​နေရာ​လေးနဲ့ကပ်​ထားပါ
၁၀စက္ကန့်​ဆိုအရည်​​ပျော်​ပါတယ်
၆။gun ထိုးရင်​ vulva အဝကို ဟ ပီးမှထိုးပါ
၇။အ​ကြောင်းအမျိုးမျိုး​ကြောင့်​ဓာတ်​ဘူးနဲ့
မျိုး​ချောင်းသယ်​ရင်​thawingလုပ်​ပီးဒီအတိုင်းသယ်​သွားပါ ဓာတ်​ဘူးထဲ ​ရေဲခဲသို့မဟုတ်​ နိုက်​ထရိုဂျင်
မထည့်​ရပါ
၈။နိုက်​ထရိုဂျင်​level ၄လက္မ​အောက်​​မ​လျှော့
ပါ​စေနဲ့
၃လီတာအိုး တပတ်​တကြိမ်
၆လီတာအိုး ၃ပတ်​တကြိမ်
၈လီတာအိုး၎ပတ်​တကြိမ်
၁၀လီတာအိုး၅ပတ်​တကြိမ်​ဖြည့်​နိုင်​ပါတယ်
တပတ်​တလီတာနှုန်း​လျှော့ပါတယ်
၆လီတာအိုးဟာအသင့်​​တော်​ဆုံးဖြစ်​ပါတယ်
ဆိုင်​ကယ်​ဒူးကြားမှာကွက်​တိပါဘဲ
၃လီတာခွဲ ၃သိန်း၆သောင်း
၆လီတာ၈လီတာ၁၀လီတာ​တွေက
၃သိန်း၉သောင်းပါ
ဈေးကပါးပါး​လေးဘဲကွာတာပါ
၈။semen deposit လုပ်​ရာမှာ
Cervix​ကျော်​​ကျော်​ချင်းဘယ်​တဝက်​ညာတဝက်​ချ
တာအ​သေချာဆုံးပါ
ကျန်​တဲ့​နေရာချတာ​တွေက
ဘယ်​ညာမသဲကွဲပါ
၉။sheathတ​ချောင်း၁၅၀ ဝယ်​သုံးပါ
အ​ကြောင်းအမျိုးမျိုး​ကြောင့်​ပြန်​သုံးရပါက
ဆပ်​ပြာမှုန့်​နဲ့​သေချာ​ဆေးပါ
အရက်​ပြန်​ထဲ ၁၅ မိနစ်​စိမ်​ပီးမှထိက်​ဖျား​လေးကို
တစ်​သျူးနဲ့ပတ်​ထားပါ  sterile ဖြစ်​ပါ​စေ
၁၀။အကြိမ်​​ပေါင်းများစွာစပ်​ပီး​သောနွားမ
မရ​သေးတာဖြစ်​ရင်​ana. Antibiotic
တခါတည်းထိုးပါ
မလုံ​လောက်​ဘူးထင်​ရင်​၃ ရက်​ဆက်​ထိုးပါ
ကျောက်​ဆည်​လိုသဘာဝသားစပ်​နွားသိုး
အလွန်​​ပေါတဲ့အရပ်​မှာဒီနည်းပညာနဲ့
မေထုံမဲ့သားစပ်​လုပ်​ငန်း​အောင်​မြင်​​အောင်
ထိုး​ဖောက်​ခဲ့တာပါ
ကျ​နော်​လက်​​တွေ့လုပ်​ထားတဲ့အ​တွေ့အကြုံပါ
ယုံကြည်​စွာလုပ်​​ဆောင်​ပါ
အောင်​မြင်​ပါ​စေ

Dr.Thein Min

နို့စားနွားများတွင်ဗီတာမင်အေချို့တဲ့ခြင်း

နို့စားနွားများတွင်​ဗီတာမင်​ ​အေ
ချို့တဲ့ခြင်း
Avitaminosis A

အဓိက ဖရီရှန်​ နို့စားနွားများဟာ
ဗီတာမင်​ ​အေ ကိုနို့ထဲမှာထည့်​​ပေးလို့
နို့ထွက်​​ကောင်းရင်​​ကောင်းသ​လောက်
ဗီတာမင်​​အေ ဆုံးရှုံးမှု များပါတယ်
မိခင်​နွားမကြီးမှာသိပ်​မသိသာ​ပေမဲ့
မွေးလာတဲ့နွား​လေး​တွေမှာ
ဗီတာမင်​​အေချို့တဲ့တာအများအပြား
တွေ့ရပါတယ်
အညာ​ဒေသအစိုအစိမ်းစားရတာနည်းတဲ့
အရပ်​မှာပို​တွေ့ရပါတယ်
(၁)​ကြောင်​​တောင်​ကန်း​လေး​တွေ
မွေးပါလိမ့်​မယ်
မွေးရာပါမျက်​​စေ့လုံးဝမမြင်​တာပါ
အညာ​ဒေသခြံတိုင်းမှာရှိပါတယ်
(၂)​ပျော့​ခွေ​နေတဲ့နွားက​လေး
(Flacid calf)
မွေးပါလိမ့်​မယ်
ပွေ့ချီပီးနို့တိုက်​ရပါတယ်
နို့တိုက်​ပီးရင်​တရက်​နှစ်​ရက်​​နေရင်
တက်​ပါလိမ့်​မယ်
က​လေး​တွေ သူငယ်​နာဆိုပီးတက်​တာ
ရှိပါတယ်
နွားက​လေး​တွေလည်း
အဲဒီအတိုင်းပါဘဲ
တက်​ပီးပြန်​မကျဘဲ​သေတာများပါတယ်
အ​ပေါ်ကမျက်​ကန်း​လေး​တွေက​တော့
မ​သေပါ
နွားမကြီး​တွေကိုဗီတာမင်​​အေ
ဖြည့်​စွက်​​ဆေး​ကျွေးပါ
ဗီတာမင်​​အေ ဒီ အီး ထိုး​ဆေးရှိ​ပေမဲ့
စား​ဆေးကပို​ကောင်းပါတယ်
အစာထဲမှာ​နေ့တိုင်းထည့်​​ကျွေးရမှာပါ
နို့နဲ့အတူဆုံးရှုံးသွားတဲ့
ကယ်​လစီယမ်​အတွက်​လည်း
ဒိုင်​ကယ်​လစီယမ်​​ဖော့စဖိတ်
DCP ထည့်​​ကျွေးရမှာပါ
အေဒီအီးန့်ဲDCP ​ရောပီးသား
တကီလိုထုတ်​​လေး​တွေလည်း
ဈေးကွက်​မှာရနိုင်​ပါတယ်
နို့စားနွား​မွေးမြူ​ရေးတိုးတက်​ချင်​ရင်​နဲ့
သူငယ်​နာနွားက​လေး​တွေ
နွားကန်း​ဘေး​တွေမ​မွေးရ​အောင်
အထက်​ပါဖြည့်​စွက်​​ဆေး​ကျွေးကြပါ
အေဒီအီး ဗီတာမင်​​ဆေးမှာ
သတ္ထုဓာတ်​တချို့ပါပါ​သေးတယ်
ဗီတာမင်​​အေနဲ့သတ္ထုဓာတ်​၅မျိုး
ဆယ်​လီနီယမ်​ ဇင့်​ ကို​ဘော့ ​ကောပါး
မင်းဂနီးစ်​ တို့ဟာ
နို့အုံ​ယောင်​တာကို​ပျောက်​​စေသလို
ယောင်​ပီးသားနို့အုံးကို
နို့ပြန်​ထွက်​​စေပါတယ်
နို့သက်​ကိုလည်းရှည်​​စေပါတယ်
ကျွေးကြပါ
ဆေးထဲမှာသံဓာတ်​လည်းပါတာမို့
မှန်​မှန်​​ကျွေးရင်
နွားမ​တွေအ​ရောင်​နက်​​မှောင်​​ပြောင်​လက်
လာပါလိမ့်​မယ်

Dr.Thein Min

ဝက်​​ရောဂါ

ဝက်​​ရောဂါ

ပီးခဲ့တဲ့လ​တွေက
ကောလင်းအင်း​တော်​ဖက်
ဝက်​နားရွက်​ပြာ​တော်​​တော်​​လေးဖြစ်​တယ်
ဓာတ်​ခွဲခန်းမှာစစ်​​ဆေးပြီးအတည်​ပြုချက်​လည်း
ရတယ်​ လို့ကြားတယ်
အခုတ​လော​ကျောက်​ဆည်​ဖက်
ဝက်​​တွေဖျားကြတယ်
ဝက်​မှာ​ရောဂါဖြစ်​ရင်​အဓိက
၂မျိုးအရင်​ခွဲခြားဖို့လိုပါမယ်
ဘက်​တီးရီးယား နဲ့ ဗိုင်းရပ်​စ်​ ​ရောဂါ
ဗိုင်းရပ်​စ်​က ကူးစက်​မြန်​တယ်
ဒီ​နေ့တ​ကောင်​စဖြစ်​ရင်​ရက်​အနည်းငယ်​အတွင်း
တရပ်​ကွက်​လုံးတရွာလုံးပြန့်​သွားတတ်​တယ်
ဇီဝလုံခြုံမှု ကအ​ကောင်းဆုံးကာကွယ်​​ဆေးပါဘဲ
ကိုယ့်​ခြံကိုသူများမလာ​စေနဲ့
ကိုယ်​ကလည်းသူများခြံမသွားနဲ့
ကျွေး​မွေးတဲ့အစာ​ ​ရေ တို့ကိုပိုးမွှားမပါ​အောင်​ဂရုစိုက်
အရပ်​ထဲကထမင်းကျန်​ဟင်းကျန်​​ကျွေးတဲ့သူ​တွေဆို
ရောဂါပိုး​သေ​အောင်​ကျိုချက်​​ကျွေး
ဝက်​ခြံအဝင်​အထွက်​လက်​​ဆေး စနစ်​တကျ​ဆေး
ဖိနပ်​ အဝတ်​အစား​တွေတတ်​နိုင်​သမျှလဲလှယ်
အဓိကကူးစက်​မှုလမ်း​ကြောင်းက​တော့
ဝက်​ဝယ်​ ဘဲ
ဝက်​ဝယ်​တဲ့ကားလာပီးသွားရင်​​ရောဂါကျန်​ခဲ့တာဘဲ
ကြက်​တုပ်​​ကွေးလည်းဒီတိုင်းဘဲ
ကြက်​​ဟောင်းထုတ်​တဲ့အချိန်​အပြင်လူကြက်​လာဖမ်း
တ့်ဲအခါပါလာတာဘဲ
ဝက်​မှာဗိုင်းရပ်​စ်​​ရောဂါအဓိက
ဝက်​နားရွက်​ပြာနဲ့ဝက်​ဝမ်းကျ
ကူးစက်​မြန်
အစားမစား
အဖျားကြမ်း
အေးတဲ့​နေရာမှာ ဝပ်​​နေလိမ့်​မယ်
ဗိုင်းရပ်​စ်​​ရောဂါကုစရာ​ဆေးမရှိဘူးဆို​ပေမဲ့
အောက်​စီတက်​ထရာဆိုက်​ကလင်း
ပေးကြည့်​ပါ ထိ​ရောက်​ပါတယ်
ဝက်​ကြီးတ​ကောင်​ကို ၂၀ စီစီထိထိုးလို့ရတယ်
ည မနက်​ တ​နေ့၂ကြိမ်​ထိုး
တခြားအရွယ်​​တွေချင့်​ချိန်​ထိုး​ပေါ့
ခုခံအား​ကောင်း​အောင်​စီဗစ်​တွဲထိုးလို့ရပါတယ်
နောက်​ဘက်​တီးရီးယား​ရောဂါ
ဝက်​မှာအဖြစ်​များဆုံးကဝက်​လည်း​ချောင်းကွဲ
ဗိုင်းရပ်​စ်​​လောက်​ကူးတာမမြန်​ဘူး
တချို့ခြံဆို တ​ကောင်​ချင်းဖြစ်​​နေတာ
အဓိကဝက်​ဝယ်​တယ်​ သယ်​​ဆောင်​တယ်
လမ်းမှာ​လေစိမ်းမိရင်​ဒါဖြစ်​တာများတယ်
ရောက်​​ရောက်​ချင်းဂျင်​တာမိုင်​စင်
၃ ရက်​ဆက်​ထိုးပါ
နေ​ကောင်း​ကောင်းမ​ကောင်း​ကောင်းထိုးပါ
နောက်​ရက်​မှသန်​ချ​ဆေးတို့ သံဓာတ်​တို့ထိုးပါ
ရောဂါဖြစ်​ရင်​ဝက်​နွားကျွဲအတူတူသိသာတာက
အသက်​ရှူခက်​တာပါ
အသက်​ရှူမြန်​တာမဟုတ်​ပါ
မောမ​နေပါ
လည်​​ချောင်းကွဲဆိုလို့လည်​ပင်​လည်းမ​ရောင်​ပါ
အသက်​ရှူသွင်းပီး တချက်​​အောင့်​ပီးမှ
ရှူထုတ်​ပါတယ်
အိပ်​တာထက်​အ​ခြေအ​နေဆိုးလို့ရှိရင်
ထ ​နေတာများတယ်​ အိပ်​ရင်​အသက်​ရှူပိုကြပ်​လို့ပါ
ဂျင်​တာမိုင်​စင်​​ကောင်းပါတယ်
အခုပြထားတဲ့​ဆေးပုလင်း
ဂျင်​တာ တိုင်​​လော့စင်​အတွဲက
အ​တော်​​လေး​ကောင်းပါတယ်
ရောဂါအဖြစ်​များပီး
ဒေါ်လာ​ဈေးအတက်​အကျ​ကြောင့်
သွင်းတဲ့ဖက်​ကရပ်​​နေတယ်
ဆေး ပြတ်​ သလိုဖြစ်​​နေတယ်
အတွဲလိုက်​​ဆေးဝယ်​မရလည်း
ဂျင်​တာမိုက်​စင်​ ကာနာမိုင်​စင်​ လင်​ကိုမိုင်​စင်
ရရာထိုး​ပေါ့ ဝက်​ကြီး ၂၀စီစီထိထိုးလို့ရပါတယ်
နာတာရှည်​ဖြစ်​သွားရင်​ဂျင်​တာ၃ ရက်​အပီး
ဆာလဖာ အုပ်​စု​ဆေးပြန်​လိုက်​လို့ရပါတယ်
၅ ရက်​ထိထိုးလို့ရပါတယ်​သူက​တော့
ဝက်​ကြီးမှ ၁၀စီစီ​လောက်​ပါဘဲ
တခါတ​လေ​အောက်​စီပြန်​လိုက်​ရတာရှိတယ်
ဝက်​ပလိပ်​​ရော ဝက်​နားရွက်​ပြာ​ရော
ရော​ထွေး​နေရင်​၂ မျိုးစလုံး​ပေးမှအဆင်​​ပြေတယ်
ဝမ်း​လျှော ဝမ်းပျက်​ ​သွေးဝမ်းက​တော့
အောက်​စီနဲ့ ကလိုရမ်​ဖီနီ​ကောအ​ရော​လေးက
စိတ်​ချရပါတယ်
အဆင်​​ပြေကြပါ​စေ
ပရမ်းပတာ​တွေ​လျှောက်​လုပ်​ကြလို့
မလုပ်​​စေချင်​လို့​ရေးလိုက်​တာပါ

Dr thein min