"သူတို့ကြောင့်"
FB ပေါ် ဘာမှမတင်တော့ဘူးလို့ အောင့်အီးနေကြည့်တာ မရ။ပြောချင်တဲ့စကားလေးတွေ ဘေးနားမှာ နားထောင်သူမရှိတဲ့အချိန် ရင်ထဲမှာလည်း မွန်းကြပ်နေချိန် ရေးမိတော့လည်း အင်းးးခွင့်လွှတ်ကြပါနော့။
"မွေးထားကျွေးထားတဲ့ ခွေးလောက်မှ သစ္စာမရှိ"
"ခွေးသူခိုး"
"ခွေးမသား"
"ခွေးသူတောင်းစား"
"ခွေးမျိုး"
"ခွေး ခွေး ခွေ့း"
လူနဲ့အနေနီးစပ်တဲ့ တိရစ္ဆာန်တွေထဲ ခွေးကတော့ အနီးစပ်ဆုံး အတင်စားခံရဆုံး အချစ် အမုန်းခံရဆုံး။ဘယ်လောက်ချစ်သလဲဆို့
"လူမင်းရေ လာလာ ရော့ စားနော်"
"အွန်စောလေး အမေ့ကို မျှော်နေတာလား"
"ဟဲ့ ခိုင်သင်းကြည် ကမ ညည်းဘာမှမစားရသေးဘူးလား"
"ဘိုဂျွန် ဘိုဂျွန် လာ လာ"
"ဟဲ့ ဟိုကောင်မ ဆန်းမီ သွားစမ်း"
--------
အင်း သရုပ်ဆောင်တွေလည်း နာမည်မကြီးလိုက်နဲ့ သူတို့ ခွေးလေး ကြောင်လေး နွားလေး ဝက်ကလေးတွေကို ချစ်နိုးအမည်မှည့်ပေးကြပါလေရော။(ဒါ့ကြောင့် ကျွန်တော် မင်းသားမလုပ်တာ။မတော် နာမည်ကြီးသွားမှ သိန်းလွင် သိန်းလွင် အို့ အို့ တွေ ဖြစိကုန်မှာစိုးရ)
ချစ်ကြပါ မုန်းကြပါ။အဲ သုတို့ကနေ အင်မတန် အန္တရာယ်ကြီးတဲ့ ကူးစက်ရောဂါကြီး ရနိုင်တာလည်း သတိရကြပါ။ဖြစ်နိုင်ခြေတော့ နည်းတယ်ပေါ့။ဒီရောဂါ ဖြစ်နေတာ မမြင်ဘူးတောင် ကြောက်စရာကောင်းကြောင်း လူအတော်များများ သိကြပါတယ်။ဘာရောဂါလဲ။အားလုံးသိပြီးသား"ခွေရူးရောဂါ"ပေါ့။ကမ္ဘာပေါ်မှာ ခွေးရူးရောဂါကြောင့် နှစ်စဉ်လူဘယ်လောက်သေတယ်။ခွေးရူးကိုက်ခံရရင် ဘယ်လိုတွေဖြစ် ဘယ်လိုတွေခံစားပြီးသေရတယ် ဘယ်လိုကူးစက်တယ် ဆိုတဲ့ ကိန်းဂဏန်းတွေ ကြောက်စရာကောင်းပုံတွေနဲ ဖြဲခြောက်မနေတော့ပါဘူး(အမှန်က မသိလို့)မြင်သာထင်သာတာလေးတွေဘဲ ပြောကြည့်ရအောင်။
ခွေးကိုက်ခံရလျင် ဘာပြောကြလဲ။ကံနိမ့်လို့ တဲ့။ခွေးကိုက်မခံရဦးတောင် အစွယ်ဖွေးဖွေးနဲ့ မာန်ဖီခြောက်တာမျိုး အလိုက်ခံရတာမျိုးဆို ခင်များတို့ ဘယ်လိုနေကြလဲ။ကြောက်ချက်ကတော့ ကန်းကုန်ပေါ့ဗျာ။ဘာပြောကောင်းမလဲ ဘာမှကို ပြောမကောင်းဘူး။ ရင်တုန်ပန်းတုန်တွေဖြစ် ရေတွေသောက် ရင်ဘတ်လက်နဲ့ဖိ ဘုရားစာတွေရွတ်။ဟုက်ဘူးလား။ဒါ ခွေးကောင်းပဲ ရှိသေးတာနော်။ရူးမလိုခွေး ရူးသလိုခွေး ရူးနေတဲ့ခွေးမဟုက်ဘူး။မတော်လို့ အကိုက်ခံရ အခြစ်ခံရ ဘာလုပ်ကြ။နီးရာဆေးရုံပြေး ဆေးထိုးကြရတာပဲမဟုက်လား။ဘာလို့ ဆေးထိုးကြလဲ။ရူးမှာကြောက်လို့ပေါ့ဗျ။ဟုက်တယ်နော်။
ကဲ ဒီလောက်ကြောက်စရာကောင်းတဲ့ စိုးရိမ်ထိတ်လန့်ရတဲ့ ခွေးရူးရောဂါမဖြစ်အောင် ဘာလုပ်ကြမလဲ။ခွေးကိုက်မခံရအောင်နေပေါ့။ဟုက်ဘူးလား။အဲလိုနဲ့ရော ရောဂါ ပျောက်သွားရော့လား။ဘယ်ပျောက်မလဲဗျာ။လူပိန်းတောင်သိတယ်။ဒါဆို ဒီရောဂါဆိုးကြီးကို ကမ္ဘာပေါ်ကနေ နှင်ထုက်ကြစို့။ဒီရောဂါဖြစ်စေတဲ့ တိရစ္ဆာန်တွေရှိနေမှတော့ ရောဂါက အနည်းနဲ့အများရှိနေမှာပေါ့။ဒီတော့ ရောဂါမဖြစ်အောင် ဘာလုပ်မလဲ ရောဂါ မရှိအောင် ဘာလုပ်မလဲ။ဟုက်ကဲ့ prevention and control ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းလုပ်ရမယ်။
ကာကွယ် ထိန်းချုပ်ခြင်းဆိုတာကတော့ အမျိုးမျိုးနည်းလမ်းတွေရှိတာပေါ့ဗျာ။ကာကွယ်ဆေးထိုးခြင်း။ဒါကတော့ ဖြစ်ပွားစေတဲ့ တိရစ္ဆာန်အထူးသဖြင့် ခွေ ကြောင်တွေကို တစ်နှစ်တစ်ကြိမ် ကာကွယ်ဆေးထိုးပေးတာ။ဒါလည်း ကိုယ့်အိမ်မှာရှိတဲ့ ဖမ်းလို့ရ ထိုးလို့ရတဲ့ ခွေးကြောင်တွေသာ ထိုးလို့ရတာ။ကျန်တဲ့ လေလွင့်ခွေးတွေ လွတ်နေဦးမှာပဲ။
ကဲ ဘယ်လိုလုပ်ကြမလဲ။ဒီ ဂျစ်ပစီသုနက္ခောတွေက ပွားချင်သလိုပွား နေချင်သလိုနေကြ။ဘယ်လိုထိန်းချုပ်ကြမလဲ။ခွေးရူးရောဂါ ကင်းစင်ဖို့ ဒီလေလွင့်ခွေးတွေကို(အဆိပ်ချ)သုတ်သင်လို့ကတော့ အော်လိုက်ကြ ဆဲလိုက်ကြမယ့်ဖြစ်ခြင်း။ခွေးချစ်သူရော ခွေးမချစ်သူရော ဝန်ထမ်းတွေဘာလုပ်လုပ် အကောင်းမမြင် ဆဲကိုဆဲရမှကျေနပ်သူတွေရော အစုံအစုံ။ဆဲနည်းတစ်ထောင်နဲ့ဆဲကြမှာ မြင်ယောင်သေး။"ကိုယ်ချင်းစာတရားကို မရှိဘူး။သူတို့ အဲလိုကျွေးကြည့်ပါလား။ဘာအပြစ်မှမရှိတဲ့ခွေးလေးတွေ သနားစရာ။ဝဋ်လည်ပါစေတော်။ခွေးလောက်တောင် ဘာဖြစ်တယ် ညာဖြစ်တယ်' စုံစေ့နေပါလိမ့်မယ်။ကဲဒါဆို ဒီခွေးတွေ မသတ်ဘူးဗျာ။ဒီရောဂါကလည်း ကြောက်ဖို့ကောင်းတာ ခင်များတို့အသိ။ဒီတော့ ကာကွယ်ဆေးထိုးရအောင် ခင်များတို့ လာဝိုင်းကူ ဝိုင်ဖမ်းပေးဆို တစ်ယောက်မှပေါ်လာမှာမဟုက်ဘူးဆိုတာ ယုံလား။သူများမေးမနေနဲ့ ကိုယ့်ဘာသာပြန်မေးကြည့်ကြ။
ဒါဆို ဘယ်လိုထပ်လုပ်ကြမလဲ။အိမ်မွေးခွေးတွေကတော့ စီမံချက်နဲ့ ကာကွယ်ဆေးထိုး ရဦးမယ်။ဒါတောင် အကုန်မရနိုင်ဘူး။လေလွင့်ခွေးတွေကို ကာကွယ်ဆေးထိုးဖို့ကတော့ ဘယ်လောက်ခက်မယ်ဆိုတာ စဉ်းစားသာကြည့်။အနားကပ်မရလို့ ပြောင်းနဲ့မှုတ်ဦး ကျွမ်းကျင်သူအတွက်တောင် မသေချာ။သေနတ်ပစ်ဆေးထိုးရင်ကော အင်း မြန်မာပြည်ကြီး လူလူချင်းတိုက်ရတာ အားမရလို့ ခွေးနဲ့စစ်တိုက်နေတယ် ထအော်ကြဦးမယ်။
နောက်တစ်နည်း ကာကွယ်ထိန်းချုပ်ဖို့ လေလွင့်ခွေးတွေ မျိုးမပွားအောင်လုပ်ကြည့်ရအောင်။ဖမ်းဖို့တောင် မလွယ်တဲ့ဟာ ဒါလည်း သိပ်မလွယ်ပါ။ခွေးမ ကို တားဆေး ပြောင်းနဲ့မှုတ်ဦး တစ်ကယ်ဖြစ်ပါ့မလား။ကျွန်တော့်ဘာသာ စိတ်ကူးယဉ်စဉ်းစားမိတာလေးပါ။မြို့တွေက ခွေးလေခွေးလွင့်တွေကို စီမံချက်နဲ့ မျိုးမပွားအောင် ထိန်းချုပ်မယ်။အထူးသဖြင့် အထီးတွေကို သင်းပစ်ရမယ်။ဒါဆို ဖမ်းမှဖြစ်မယ်(ခုန ခွေးတွေကို ဘာဖြစ်တယ် ညာဖြစ်တယ် ပြောသူတွေကို ဝိုင်းအဖမ်းခိုင်းရအောင်)ခွေးဖမ်းဖို့ ပိုက်တွေထောင် ခြောက်လှန့်ဖမ်းရင်လည်း တစ်မြို့လုံး အုတ်အော်သောင်းသဲဖြစ်ကုန်မှာမြင်ယောင်သေး။ပိုက်ထဲမိတောင် ထပ်ပြီးထိန်းချုပ်ဖို့ လုပ်ရဦးမယ်။ဒီလိုလုပ်ကြည့်ရင်ကော။အသားထဲမှာ မေ့ဆေးထည့်။ပစ်ကျွေး။ဒါလည်း ပြည်သူကို ကြိုတင် အသိပေး ကြေငြာပေးမှ။နို့မို့ အဆိပ်ချတယ်ထင်နေဦးမယ်။မေ့ဆေးစား မေ့နေတဲ့ ခွေးတွေကိုမှ အလွယ်တစ်ကူ ဖမ်း အထီတွေရော အမတွေပါ သင်း ကာကွယ်ဆေးပါထိုး နောက် ဒီကောင်တွေဒါတွေလုပ်ပြီးသားမှန်းသိအောင် အမှတ်အသားလုပ်(နွားတွေ နားကပ်တပ်သလိုပေါ့)။တစ်ခါနဲ့တော့ မရလောက်ဘူး။သုံးလေးခါ လုပ်။ကုန်လိုက်မယ့်ပိုက်ဆံ။ရှုပ်လိုက်မယ့်အလုပ်။စည်ပင် မီးသတ် ကြက်ခြေနီ မိခင်ကလေး အမျိုးသမီးရေးရာ ကျန်းမာရေး ပါတီဝင်တွေ ဘာအဖွဲ့ ညာအဖွဲ့ အုပ်ချုပ်ရေးက အစ အကုန်ပါမှရမယ်။ဘယ် ကျွန်တော်တို့ချည်း လုပ်လို့ဖြစ်ပါ့မလဲ။ပြည်သူကလည်း ပါရမယ်။ဟုက်တယ်လေ လူသားကောင်းကျိုးအတွက် အလုပ်လုပ်ရတာမို့ ခွေးရူးရောဂါတိုက်စစ်ဖေါ်တာပဲဥစ္စာ။ဟဲ ဟဲ စိတ်ကူးယဉ်ကြည့်တာပါ။
ဘာပဲပြောပြောလေ။ကျွန်တော်ကသာ လူပိန်းတွေး တွေးနေတာပါလို့။ချစ်လွန်းသူ တို့ အန္တရာယ် သိသူတို့ အမြင်ကျယ်သူတို့ကတော့ ကိုယ့်အသိနဲ့ကို ကာကွယ်ဆေးထိုးကြသဗျ။
စေတနာဖြင့်ပါနော်။(font ပျောက်လို့ စားလုံးပေါင်း သီးခံဖတ်ပေးပါရန်)
ဒေါက်တာသိန်းလွင်