Download လုပ်မည့်သူများ သေချာစွာ အရင်ဖတ်ပါ

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။
Step 1 Click Download Button.

** Step-2. "5sec". လောက်စောင့်ပေ:ပါ။
Step 2 Please Wait 5 Sec.

**
Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
Step 3 Click " << SKIP AD >> " on the right conner.

** Step-4. Download Link ကျလာပါလိမ့်မယ်။
Step 4 Download Link will be appeared.

** အဆင်ပြေပါစေဗျာ။
**Good luck.Thank you.

Sunday, October 7, 2018

HS

၁၉၉၀ခုနှစ်မွေးကုမှာအလုပ်ဝင်တော့ချင်းပြည်နယ်
တွန်းဇံမြို့နယ်မှာတာဝန်ကျပါတယ်
မြို့နယ်ရဲ့မြောက်ဖက်အရှေ့ဖက်တွေမှာကလေးမြို့နယ်
တမူးမြို့နယ်တို့နဲ့ဆက်စပ်ပါတယ်အဲဒီမြို့နယ်အစပ်
တွေမှာ ရာဇဂြိုဟ်ခုံသာခမ်းပတ်ကနန်စော်ဘွားရေရှင်
ကျွန်းတောရေရှင်ရွာတွေမှာလည်ချောင်းကွဲရောဂါ
ဖြစ်ပီးကျွဲတွေရာနဲ့ချီသေပါတယ်
နေရဉ္ဇရာချောင်းထဲမှာကျွဲသေတွေထပ်နေရော
ရောဂါဖြစ်နေတဲ့ကျွဲတကောင်ရှာထော်ဇန်ရွာမှာတွေ့
ဝမ်းယောင်တယ်ဗိုက်အောက်မှာoedemaဖြစ်တယ်
ကျနော်ကငယ်ငယ်  surra လို့မှတ်တာ  သိဘူးလေ
ကလေးမြို့ရောက်တော့ဆရာပြုံးမေးကြည့်တော့မှ
လည်ချောင်းကွဲလေကွာညီလေးရ တဲ့
ချင်းပြည်နယ်ကမန္တလေးတိုင်းဝမ်းတွင်း နောက်
ကျောက်ဆည်ရောက်  ၂၀၀၃ခုနှစ် မြဘုရင်နို့ချက်
စက်ရုံကနို့စားနွားမွေးတော့  ဝမ်းရောင် ချီးအရည်
တွေဒလဟောပန်းတဲ့နွားမတကောင်တွေ့ပါတယ်
ဝမ်းလျော ဝမ်းပျက်ဆိုပီးoxy chloram ထိုးတယ်
သေသွားတယ်  sampleယူပီးဓါတ်ခွဲခန်းပို့လိုက်တော့
pasteurella ပေါက်ပါတယ်
ပြောချင်တာကလည်ချောင်ကွဲရောဂါ အညာ ဒေသမှာ
မဖြစ်ဘူး မိုးများတဲ့ဒေသနဲ့တောင်ပေါ်ဒေသမှာပဲဖြစ်တယ်ဆိုတဲ့
အယူအဆအလွဲကိုအခြေအမြစ်မရှိတရားသေဆုပ်
ကိုင်ထားတဲ့လူတွေတော်တော်ကြီးကိုများနေတာပါ
နောက်ပီးကျွဲတွေပဲsensitiveဖြစ်တာနွားမဖြစ်ဘူး
ဆိုတဲ့အလွဲ  ကျနော့်အတွေ့အကြုံအရကျွဲသာမက
နွားရောဝက်ရောတော်တော်များများကိုဖြစ်ပါတယ်
မိတ္ထီလာဖက်နို့စားနွားတခြံမှာဖြစ်တော့ နွားသေတယ်
ရောဂါအရှိန်မြင့်လာတော့ရုတ်တရက်လဲသေ
ဒီတော့ဒေါင့်သန်းလို့ထင်  ဒေါင့်သန်းကာကွယ်ဆေးထိုး  ဆက်သေ
ရုတ်တရက်လဲသေတိုင်းဒေါင့်သန်းမဟုတ်
လည်ချောင်းကွဲ ပေါင်ပုပ်လက်ပုပ်တို့လည်း
ချက်ချင်းလဲသေတတ်ပါတယ်
နောက်ဆုံးဓါတ်ခွဲခန်းကdr win myint ကပေါင်ရိုး
တချောင်းယူခဲ့ဆိုပီးစစ်ဆေးတော့မှလည်ချောင်းကွဲ
အတည်ပြုနိုင်ပီးdrug sensitivity testပါလုပ်ပေး
ampicillin နဲ့ကုသလိုက်မှရောဂါထိန်းချုပ်နိုင်ပါတယ်
ခုကျနော်ရှမ်းပြည်ရောက်တယ်  ပေါမှပေါ လည်ချောင်းကွဲ  အောက်စီဘဲထိုးနေကြတာ
ကုမရဘူးမပျောက်ဘူးပေါ့  ဂျင်တာထိုးခိုင်းလိုက်တယ် ပျောက်ပါတယ်ဗျ
ရောဂါလက္ခဏာကလည်ပင်းရောင်တာ ချောင်းဆိုး
တာဟုတ်ချင်မှဟုတ်လိမ့်မယ်  အများအားဖြင့်
dyspnoea    difficult breathing တွေ့ရတာပါ
အသက်ရှူသွင်းပီး အောင့်ပီးမှရှူထုတ်တဲ့ပုံစံ
တွေ့ရပါလိမ့်မယ်ဝက်ကောနွားကောကျွဲရောတွေ့
နိုင်ပါတယ် အသက်ရှူကြပ်လို့အအိပ်နဲပါတယ်
တချို့ကျွဲနွားတွေမှာဝမ်းရောင်ပီး ဝမ်းအရည်ဒလဟော
သွားတာလည်းတွေ့ပါတယ်
မေထုန်နွားမတွေမွေးဖွားပီးခါစတွေမှာတွေ့ရတတ်ပါ
တယ် hydrocortisone နဲ့gentamycinဒါမှမဟုတ်
ampicillinထိုးပါပျောက်ပါတယ်doseပြည့်ဖို့တော့
လိုတာပေါ့
မေထုန်နွားမွေးတဲ့ခြံကြီးများလည်ချောင်းကွဲကာ
ကွယ်ဆေးမဖြစ်မနေထိုးပါ လည်ချောင်းကွဲရောဂါ
မဖြစ်ဖူးဆိုပီးမထိုးဘဲမနေပါနဲ့
နောက်သိုးဆိတ်တွေမိုးတွင်းခြံစိုစွတ်ရင်
ဆောင်တွင်းအအေးလွန်နှင်းခါးရိုက်ရင်
ဖြစ်နိုင်တာမို့ကာကွယ်ဆေးထိုးထားသင့်ပါကြောင်း
လည်ချောင်းကွဲရောဂါအညာဒေသမှာမဖြစ်ဘူး
ဆိုတဲ့ဟောင်းနွမ်းဆွေးမြေ့နေတဲ့အယူအဆတော့
ဒီပို့စ်ဖတ်ပီးတခါတည်းလွှင့်ပစ်လိုက်ပါတော့လို့

Dr.Thein Min

မေထုံမဲ့သားစပ်​လုပ်​ငန်း​အောင်​မြင်​​ရေး ​သော့ချက်​၁၀ချက်

မေထုံမဲ့သားစပ်​လုပ်​ငန်း​အောင်​မြင်​​ရေး
သော့ချက်​၁၀ချက်

၁။သားမ​တောင်း​သည့်​သား​တောင်း​အောင်
လုပ်​တတ်​ရမည်
မည့်​သည့်​နွားမမဆို
သန်​ချ​ဆေး
သံဓာတ်​ နဲ့ စီဗစ်​ထိုးပါ
မ​တောင်း​သေးရင်
နွားမကြီး  ​အောက်​စီတိုစင်​ ဘီကွန်​ ထိုးပါ
မဒန်း အီစထရိုဂျင်​ ၅ နဲ့ ပရိုဂျက်​စတီရုန်း ၁စီစီထိုး
တောင်းပါလိမ့်​မည်
၂။သားစ​တောင်းပီး  ၁၈ နာရီ​ကျော်​မှစပ်​ပါ
မနက်​သား​တောင်း ည​နေစပ်​တာ
တော်​​တော်​​စော​နေပါသည်
မနက်​သား​တောင်း  ​နောက်​​နေ့မနက်​မှစပ်​ပါ
နောက်​မကျပါ
၃။မ​အောင်​ခဲ့လျှင်​​နောက်​တကြိမ်​ပြန်​မစပ်​ခင်
သေချာ​မေးပါ
ပီးခဲ့တဲ့အပတ်​သား​တောင်းပီး စပ်​ပီး ​ဆော့​နေ​သေးတယ်
ဆိုရင်​​နောက်​ထပ်​ ၆နာရီ​နောက်​ဆုတ်​စပ်​ပါ
သို့မဟုတ်​ ၁၂နာရီ  ၁၈ နာရီ
သား​တောင်းလက္ခဏာရပ်​သည်​ထိ​နောက်​ဆုတ်​ပါ
၅၆. နာရီထိ​နောက်​ဆုတ်​စပ်​ဘူးပါသည်
၉ခါစပ်​ပီးမရ​သောနွားမ သား​အောင်​သွားပါသည်
အချိန်​မမှားဘူးဆိုရင်​​ဆေးထိုးပါ
သားအိမ်​မပိတ်​လို့မရတာပါ
Ana 10cc oxytetra 15 cc​ရောထိုး
၂ပိုက်​ထိထိုးလို့ရပါသည်
အောင်​သွားပါလိမ့်​မည်
၎။ cervix အချင်း ၁လက္မ​အောက်​ တ​ချောင်း
တလက္မခွဲအထက်​ကြီး​နေရင်​တချို့၎လက္မ
လောက်​ရှိပါတယ်
အဲ​လောက်​ကြီးသွားရင်​၂​ချောင်းထည့်​ပါ
တခါတည်းထဲ့ပါ  volumeများဖို့လိုတာ
ဖြစ်​ပါတယ်​ အချိန်​လွဲတာမဟုတ်​ပါ
Cp မျိုး​ချောင်း .5cc စပ်​တာ
.25ccထက်​မျိုး​အောင်​နှုန်းပို​ကောင်းတာ
တွေ့ရပါတယ်​ ဒါ​ကြောင့်​ဒီနည်းသုံးတာပါ
တ​ချောင်းစပ်​ ​အောင်​နှုန်း ၄၀ရာနှုန်း
၂​ချောင်းစပ်​ ၈၀ရာနှုန်း​အောင်​ပါတယ်
တဖက်​က​မေထုံမဲ့စပ်​ခါစမှာ
Non returned rate များမှ
စည်းရုံး​ရေး​အောင်​မြင်​တာပါ
ကျောက်​မဲမှာ ​နောင်​ပိန်​  စခန်းသာ ၂မိုင်​ကုန်း
လမ်းခွဲက. နွားသိုး​တွေ​ရောင်းပလိုက်​ကြပါဘီ
မေထုံမဲ့ဘဲစပ်​ကြ​တော့မှာပါ
၅။မျိုး​ချောင်းthawing လုပ်​ရာမှာ
လက်​ဝါးထဲထဲ့ပီး မပွတ်​ရ
သုတ်​ပိုး​တွေနာနိုင်​ပါတယ်
ရေ​နွေးကြက်​သိမ်း​နွေးနဲ့​လောင်းချပါ
ဒါမှမဟုတ်​​နွေးတဲ့​နေရာ​လေးနဲ့ကပ်​ထားပါ
၁၀စက္ကန့်​ဆိုအရည်​​ပျော်​ပါတယ်
၆။gun ထိုးရင်​ vulva အဝကို ဟ ပီးမှထိုးပါ
၇။အ​ကြောင်းအမျိုးမျိုး​ကြောင့်​ဓာတ်​ဘူးနဲ့
မျိုး​ချောင်းသယ်​ရင်​thawingလုပ်​ပီးဒီအတိုင်းသယ်​သွားပါ ဓာတ်​ဘူးထဲ ​ရေဲခဲသို့မဟုတ်​ နိုက်​ထရိုဂျင်
မထည့်​ရပါ
၈။နိုက်​ထရိုဂျင်​level ၄လက္မ​အောက်​​မ​လျှော့
ပါ​စေနဲ့
၃လီတာအိုး တပတ်​တကြိမ်
၆လီတာအိုး ၃ပတ်​တကြိမ်
၈လီတာအိုး၎ပတ်​တကြိမ်
၁၀လီတာအိုး၅ပတ်​တကြိမ်​ဖြည့်​နိုင်​ပါတယ်
တပတ်​တလီတာနှုန်း​လျှော့ပါတယ်
၆လီတာအိုးဟာအသင့်​​တော်​ဆုံးဖြစ်​ပါတယ်
ဆိုင်​ကယ်​ဒူးကြားမှာကွက်​တိပါဘဲ
၃လီတာခွဲ ၃သိန်း၆သောင်း
၆လီတာ၈လီတာ၁၀လီတာ​တွေက
၃သိန်း၉သောင်းပါ
ဈေးကပါးပါး​လေးဘဲကွာတာပါ
၈။semen deposit လုပ်​ရာမှာ
Cervix​ကျော်​​ကျော်​ချင်းဘယ်​တဝက်​ညာတဝက်​ချ
တာအ​သေချာဆုံးပါ
ကျန်​တဲ့​နေရာချတာ​တွေက
ဘယ်​ညာမသဲကွဲပါ
၉။sheathတ​ချောင်း၁၅၀ ဝယ်​သုံးပါ
အ​ကြောင်းအမျိုးမျိုး​ကြောင့်​ပြန်​သုံးရပါက
ဆပ်​ပြာမှုန့်​နဲ့​သေချာ​ဆေးပါ
အရက်​ပြန်​ထဲ ၁၅ မိနစ်​စိမ်​ပီးမှထိက်​ဖျား​လေးကို
တစ်​သျူးနဲ့ပတ်​ထားပါ  sterile ဖြစ်​ပါ​စေ
၁၀။အကြိမ်​​ပေါင်းများစွာစပ်​ပီး​သောနွားမ
မရ​သေးတာဖြစ်​ရင်​ana. Antibiotic
တခါတည်းထိုးပါ
မလုံ​လောက်​ဘူးထင်​ရင်​၃ ရက်​ဆက်​ထိုးပါ
ကျောက်​ဆည်​လိုသဘာဝသားစပ်​နွားသိုး
အလွန်​​ပေါတဲ့အရပ်​မှာဒီနည်းပညာနဲ့
မေထုံမဲ့သားစပ်​လုပ်​ငန်း​အောင်​မြင်​​အောင်
ထိုး​ဖောက်​ခဲ့တာပါ
ကျ​နော်​လက်​​တွေ့လုပ်​ထားတဲ့အ​တွေ့အကြုံပါ
ယုံကြည်​စွာလုပ်​​ဆောင်​ပါ
အောင်​မြင်​ပါ​စေ

Dr.Thein Min

နို့စားနွားများတွင်ဗီတာမင်အေချို့တဲ့ခြင်း

နို့စားနွားများတွင်​ဗီတာမင်​ ​အေ
ချို့တဲ့ခြင်း
Avitaminosis A

အဓိက ဖရီရှန်​ နို့စားနွားများဟာ
ဗီတာမင်​ ​အေ ကိုနို့ထဲမှာထည့်​​ပေးလို့
နို့ထွက်​​ကောင်းရင်​​ကောင်းသ​လောက်
ဗီတာမင်​​အေ ဆုံးရှုံးမှု များပါတယ်
မိခင်​နွားမကြီးမှာသိပ်​မသိသာ​ပေမဲ့
မွေးလာတဲ့နွား​လေး​တွေမှာ
ဗီတာမင်​​အေချို့တဲ့တာအများအပြား
တွေ့ရပါတယ်
အညာ​ဒေသအစိုအစိမ်းစားရတာနည်းတဲ့
အရပ်​မှာပို​တွေ့ရပါတယ်
(၁)​ကြောင်​​တောင်​ကန်း​လေး​တွေ
မွေးပါလိမ့်​မယ်
မွေးရာပါမျက်​​စေ့လုံးဝမမြင်​တာပါ
အညာ​ဒေသခြံတိုင်းမှာရှိပါတယ်
(၂)​ပျော့​ခွေ​နေတဲ့နွားက​လေး
(Flacid calf)
မွေးပါလိမ့်​မယ်
ပွေ့ချီပီးနို့တိုက်​ရပါတယ်
နို့တိုက်​ပီးရင်​တရက်​နှစ်​ရက်​​နေရင်
တက်​ပါလိမ့်​မယ်
က​လေး​တွေ သူငယ်​နာဆိုပီးတက်​တာ
ရှိပါတယ်
နွားက​လေး​တွေလည်း
အဲဒီအတိုင်းပါဘဲ
တက်​ပီးပြန်​မကျဘဲ​သေတာများပါတယ်
အ​ပေါ်ကမျက်​ကန်း​လေး​တွေက​တော့
မ​သေပါ
နွားမကြီး​တွေကိုဗီတာမင်​​အေ
ဖြည့်​စွက်​​ဆေး​ကျွေးပါ
ဗီတာမင်​​အေ ဒီ အီး ထိုး​ဆေးရှိ​ပေမဲ့
စား​ဆေးကပို​ကောင်းပါတယ်
အစာထဲမှာ​နေ့တိုင်းထည့်​​ကျွေးရမှာပါ
နို့နဲ့အတူဆုံးရှုံးသွားတဲ့
ကယ်​လစီယမ်​အတွက်​လည်း
ဒိုင်​ကယ်​လစီယမ်​​ဖော့စဖိတ်
DCP ထည့်​​ကျွေးရမှာပါ
အေဒီအီးန့်ဲDCP ​ရောပီးသား
တကီလိုထုတ်​​လေး​တွေလည်း
ဈေးကွက်​မှာရနိုင်​ပါတယ်
နို့စားနွား​မွေးမြူ​ရေးတိုးတက်​ချင်​ရင်​နဲ့
သူငယ်​နာနွားက​လေး​တွေ
နွားကန်း​ဘေး​တွေမ​မွေးရ​အောင်
အထက်​ပါဖြည့်​စွက်​​ဆေး​ကျွေးကြပါ
အေဒီအီး ဗီတာမင်​​ဆေးမှာ
သတ္ထုဓာတ်​တချို့ပါပါ​သေးတယ်
ဗီတာမင်​​အေနဲ့သတ္ထုဓာတ်​၅မျိုး
ဆယ်​လီနီယမ်​ ဇင့်​ ကို​ဘော့ ​ကောပါး
မင်းဂနီးစ်​ တို့ဟာ
နို့အုံ​ယောင်​တာကို​ပျောက်​​စေသလို
ယောင်​ပီးသားနို့အုံးကို
နို့ပြန်​ထွက်​​စေပါတယ်
နို့သက်​ကိုလည်းရှည်​​စေပါတယ်
ကျွေးကြပါ
ဆေးထဲမှာသံဓာတ်​လည်းပါတာမို့
မှန်​မှန်​​ကျွေးရင်
နွားမ​တွေအ​ရောင်​နက်​​မှောင်​​ပြောင်​လက်
လာပါလိမ့်​မယ်

Dr.Thein Min

ဝက်​​ရောဂါ

ဝက်​​ရောဂါ

ပီးခဲ့တဲ့လ​တွေက
ကောလင်းအင်း​တော်​ဖက်
ဝက်​နားရွက်​ပြာ​တော်​​တော်​​လေးဖြစ်​တယ်
ဓာတ်​ခွဲခန်းမှာစစ်​​ဆေးပြီးအတည်​ပြုချက်​လည်း
ရတယ်​ လို့ကြားတယ်
အခုတ​လော​ကျောက်​ဆည်​ဖက်
ဝက်​​တွေဖျားကြတယ်
ဝက်​မှာ​ရောဂါဖြစ်​ရင်​အဓိက
၂မျိုးအရင်​ခွဲခြားဖို့လိုပါမယ်
ဘက်​တီးရီးယား နဲ့ ဗိုင်းရပ်​စ်​ ​ရောဂါ
ဗိုင်းရပ်​စ်​က ကူးစက်​မြန်​တယ်
ဒီ​နေ့တ​ကောင်​စဖြစ်​ရင်​ရက်​အနည်းငယ်​အတွင်း
တရပ်​ကွက်​လုံးတရွာလုံးပြန့်​သွားတတ်​တယ်
ဇီဝလုံခြုံမှု ကအ​ကောင်းဆုံးကာကွယ်​​ဆေးပါဘဲ
ကိုယ့်​ခြံကိုသူများမလာ​စေနဲ့
ကိုယ်​ကလည်းသူများခြံမသွားနဲ့
ကျွေး​မွေးတဲ့အစာ​ ​ရေ တို့ကိုပိုးမွှားမပါ​အောင်​ဂရုစိုက်
အရပ်​ထဲကထမင်းကျန်​ဟင်းကျန်​​ကျွေးတဲ့သူ​တွေဆို
ရောဂါပိုး​သေ​အောင်​ကျိုချက်​​ကျွေး
ဝက်​ခြံအဝင်​အထွက်​လက်​​ဆေး စနစ်​တကျ​ဆေး
ဖိနပ်​ အဝတ်​အစား​တွေတတ်​နိုင်​သမျှလဲလှယ်
အဓိကကူးစက်​မှုလမ်း​ကြောင်းက​တော့
ဝက်​ဝယ်​ ဘဲ
ဝက်​ဝယ်​တဲ့ကားလာပီးသွားရင်​​ရောဂါကျန်​ခဲ့တာဘဲ
ကြက်​တုပ်​​ကွေးလည်းဒီတိုင်းဘဲ
ကြက်​​ဟောင်းထုတ်​တဲ့အချိန်​အပြင်လူကြက်​လာဖမ်း
တ့်ဲအခါပါလာတာဘဲ
ဝက်​မှာဗိုင်းရပ်​စ်​​ရောဂါအဓိက
ဝက်​နားရွက်​ပြာနဲ့ဝက်​ဝမ်းကျ
ကူးစက်​မြန်
အစားမစား
အဖျားကြမ်း
အေးတဲ့​နေရာမှာ ဝပ်​​နေလိမ့်​မယ်
ဗိုင်းရပ်​စ်​​ရောဂါကုစရာ​ဆေးမရှိဘူးဆို​ပေမဲ့
အောက်​စီတက်​ထရာဆိုက်​ကလင်း
ပေးကြည့်​ပါ ထိ​ရောက်​ပါတယ်
ဝက်​ကြီးတ​ကောင်​ကို ၂၀ စီစီထိထိုးလို့ရတယ်
ည မနက်​ တ​နေ့၂ကြိမ်​ထိုး
တခြားအရွယ်​​တွေချင့်​ချိန်​ထိုး​ပေါ့
ခုခံအား​ကောင်း​အောင်​စီဗစ်​တွဲထိုးလို့ရပါတယ်
နောက်​ဘက်​တီးရီးယား​ရောဂါ
ဝက်​မှာအဖြစ်​များဆုံးကဝက်​လည်း​ချောင်းကွဲ
ဗိုင်းရပ်​စ်​​လောက်​ကူးတာမမြန်​ဘူး
တချို့ခြံဆို တ​ကောင်​ချင်းဖြစ်​​နေတာ
အဓိကဝက်​ဝယ်​တယ်​ သယ်​​ဆောင်​တယ်
လမ်းမှာ​လေစိမ်းမိရင်​ဒါဖြစ်​တာများတယ်
ရောက်​​ရောက်​ချင်းဂျင်​တာမိုင်​စင်
၃ ရက်​ဆက်​ထိုးပါ
နေ​ကောင်း​ကောင်းမ​ကောင်း​ကောင်းထိုးပါ
နောက်​ရက်​မှသန်​ချ​ဆေးတို့ သံဓာတ်​တို့ထိုးပါ
ရောဂါဖြစ်​ရင်​ဝက်​နွားကျွဲအတူတူသိသာတာက
အသက်​ရှူခက်​တာပါ
အသက်​ရှူမြန်​တာမဟုတ်​ပါ
မောမ​နေပါ
လည်​​ချောင်းကွဲဆိုလို့လည်​ပင်​လည်းမ​ရောင်​ပါ
အသက်​ရှူသွင်းပီး တချက်​​အောင့်​ပီးမှ
ရှူထုတ်​ပါတယ်
အိပ်​တာထက်​အ​ခြေအ​နေဆိုးလို့ရှိရင်
ထ ​နေတာများတယ်​ အိပ်​ရင်​အသက်​ရှူပိုကြပ်​လို့ပါ
ဂျင်​တာမိုင်​စင်​​ကောင်းပါတယ်
အခုပြထားတဲ့​ဆေးပုလင်း
ဂျင်​တာ တိုင်​​လော့စင်​အတွဲက
အ​တော်​​လေး​ကောင်းပါတယ်
ရောဂါအဖြစ်​များပီး
ဒေါ်လာ​ဈေးအတက်​အကျ​ကြောင့်
သွင်းတဲ့ဖက်​ကရပ်​​နေတယ်
ဆေး ပြတ်​ သလိုဖြစ်​​နေတယ်
အတွဲလိုက်​​ဆေးဝယ်​မရလည်း
ဂျင်​တာမိုက်​စင်​ ကာနာမိုင်​စင်​ လင်​ကိုမိုင်​စင်
ရရာထိုး​ပေါ့ ဝက်​ကြီး ၂၀စီစီထိထိုးလို့ရပါတယ်
နာတာရှည်​ဖြစ်​သွားရင်​ဂျင်​တာ၃ ရက်​အပီး
ဆာလဖာ အုပ်​စု​ဆေးပြန်​လိုက်​လို့ရပါတယ်
၅ ရက်​ထိထိုးလို့ရပါတယ်​သူက​တော့
ဝက်​ကြီးမှ ၁၀စီစီ​လောက်​ပါဘဲ
တခါတ​လေ​အောက်​စီပြန်​လိုက်​ရတာရှိတယ်
ဝက်​ပလိပ်​​ရော ဝက်​နားရွက်​ပြာ​ရော
ရော​ထွေး​နေရင်​၂ မျိုးစလုံး​ပေးမှအဆင်​​ပြေတယ်
ဝမ်း​လျှော ဝမ်းပျက်​ ​သွေးဝမ်းက​တော့
အောက်​စီနဲ့ ကလိုရမ်​ဖီနီ​ကောအ​ရော​လေးက
စိတ်​ချရပါတယ်
အဆင်​​ပြေကြပါ​စေ
ပရမ်းပတာ​တွေ​လျှောက်​လုပ်​ကြလို့
မလုပ်​​စေချင်​လို့​ရေးလိုက်​တာပါ

Dr thein min

Sunday, August 5, 2018

ကျွဲ နွား မွေးမြူ မှု ဖွံ့ဖြိုးရေး အလေးထားရမည့် အချက်တစ်ခု

"ကျွဲ နွား မွေးမြူ မှု  ဖွံ့ဖြိုးရေး အလေးထားရမည့် အချက်တစ်ခု"

           ကျွန်တော်က တောင်သူမိဘနှစ်ပါးက မွေးလာတဲ့သားမို့ ငယ်ကတည်းက နွားနှင့်ရင်းနှီးရုံမက နွားကို ကျေးဇူးရှင်အဖြစ် အလေးထားခဲ့ရပါ၏။ကျွန်တော်တို့ဒေသက မိုးနည်းရေရှားရပ်ဝန်း။ငယ်စဉ်ကနေ ခုချိန်ထိ နွားနှင့်ဖက်လုပ်ရသော တောင်သူတွေ အဓိက အခက်အခဲကြုံရတာ "အစာ"ပါပဲ။အဖေတို့အမေတို့ လက်သုံးစကားက "လူစာထက် နွားစာခက်တယ်"တဲ့။နွားစာကို အလုပ်တစ်ခုအနေနှင့် ရှာဖွေကျွေးရပါ၏။
           ဟုက်ပေသပေါ့။ကျွန်တော်တို့ဒေသမှာ ခြောက်လမြေပဲခေါ် ပင်ပြန့်က မစိုက်လို့မဖြစ် ။အချိန်ကြာမှန်းသိသော်လည်း မြေပဲရိုးကို နွားစာအတွက် အသုံးပြုလို၍ စိုက်ကြရပါသည်။မြေပဲရိုး ပြောင်းရိုးခြောက်တွေကို စဉ်း၍ တဲထဲထည့်ကာ တစ်နွေလုံး မိုးဦးကျ ကာလ တစ်ခုလုံးကျွေးရပါ၏။မလောက်ပါ။ထို့ကြောင့် ကုက္ကိုရွက် ညောင်ရွက် ထနောင်းရွက် တမဆေးရွက် နဘဲရွက် ယုတ်ဆွအဆုံး တမာရွက်ကအစ ခူးကာ ရောကျွေးရ၏။နွားစာအတွက် လူတစ်ယောက်တော့အနည်းဆုံး လုပ်အားအချိန်ပေးရ၏။အိမ်က လူအင်အားမရှိလျင် ဝယ်ကျွေးရုံပ။
             တောင်သူတွေ နွားတွေဘာလို့ဖြုတ်ကုန်ကြသနည်း။အဆိုပါ အစာကိစ္စ အဓိက ပါ၏။နွားဒုက္ခမခံချင်ကြတော့။အချိန်မပေးချင်ကြတော့။ယခင်က နွားဈေးကလည်း မကောင်း ကိုး။ထို့ကြောင့် စက်တွေ အစားထိုးလာကြ၏။သို့သော် တစ်ခုစဉ်းစားရမည်မှာ စိုက်ပျိုးရေးတစ်ခုတည်းနှင့် ရပ်တည်နိုင်သလော။ပြည့်စုံသလော။ဝလင်သလော။မထင်ပါ။မွေးမြူ ရေးပါ လုပ်ကိုင်မှသာ တောင်သူလယ်သမားတွေ ဝင်ငွေကောင်းမှာပါ။ယခင်ကတော့ နွားကို ခိုင်းဖို့သက်သက်လောက်သာမွေးကြ။နွားဈေးကွက်က သိပ်မပွင့်လင်းသကိုး။ယခု နွားဈေးကွက်ပွင့်ပြီဖြစ်သော်လည်း လောလောဆယ်အခြေအနေအရ တောင်သူတွေ အကျိုးအမြတ် ဟုတ်ဟုတ်ညားညားမရှိသေးတာတော့ ဝန်ခံရမည်ထင်ပါ၏။ငွေသမားက ငွေရင်း ငွေရ သွားသကိုး။(ကျွန်တော့်အမြင် မှားက ခွင့်လွှတ်ပါရန်)
              ကျွန်တော်တို့တောင်သူလယ်သမားတွေ ကျွဲနွားမွေးရင်း အကျိုးအမြတ်ရှိလာမည့်တစ်နေ့က မဝေးတော့ပါ။ကျွန်တော်တို့ဌာနက နိုင်ငံတော်ဝင်ငွေတိုးပွားစေရုံမက တောင်သူတွေ အကျိုးအမြတ်ရှိစေရေးအတွက်ပါ လုံးပမ်းနေကြတာမို့ သိပ်မကြာခင် နွားမွေးမြူသူတွေအတွက် တစ်ကယ်မွေး တစ်ကယ်ရအောင် ကူညီနိုင်တော့မှာပါ။ခု ရေတွင်းတူး ခု ရေကြည်သောက်ချင်၍တော့ မရပါ။
             ကျွန်တော်တို့တစ်တွေ တောင်သူတွေ နွားမွေးချင်းဖြင့် အကျိုးအမြတ်ရှိလာအောင် လုပ်ဆောင်နေတာနှင့် တစ်ပြိုင်နက် တောင်သူတွေ နွားမွေးချင်လာအောင် စည်းရုံးရမယ်။အဲလို စည်းရုံးတဲ့အခါ အစောကပြောတဲ့ နွားဒုက္ခမခံချင်တဲ့ ပြဿ       နာ အစာ အဟာရကို အဓိက ဦးတည်ဖြေရှင်းသင့်တယ်လို့ ထင်ပါတယ်။နွားရှိမှ နွားမွေးမှ ကျန်တဲ့ မျိုးမြှင့်တာတွေ မေထုံမဲ့တွေ လုပ်လို့ရတာပါ။နွားမရှိပဲ ဘာသွားလုပ်မလဲ။အဲဒီတော့ မွေးနေသူ တိုးမွေးချင်အောင် မမွေးသူ မွေးချင်လာအောင် စည်းရုံးတဲ့အခါ မက်လုံးလေးတွေ ပေးရုံမက အဓိကကျတဲ့ အစာကိစ္စဖြေရှင်းနည်းကိုပါ ထည့်သွင်းပေးရပါမယ်။မြက်မျိုးတွေ ဖောဖောသီသီရနိုင်အောင် မျိုးခြံတွေ တည်ပေး ဖြန့်ပေးရမယ်။ဒါ အဓိက အချက်ပါပဲ။မြက်မျိုးကောင်းကြောင်း အဟာရပြည့်ကြောင်း အော်နေရုံနဲ့မရပါဘူး။စီးပွားဖြစ်မွေးခြံတွေက မြက်ခင်းတွေ အားကျအောင် ရိုက်တင်ပြနေရုံနဲ့ မရပါဘူး။တောင်သူ့လက်ထဲ မြက်မျိုးတွေ များများပေးနိုင်ဖို့လိုပါတယ်။တတ်နိုင် ကန္တာရမျိုးစေ့တွေ လေယဉ်ပေါ်က ကျဲချသလိုကို ကျဲချနိုင်လေ ကောင်းလေပါပဲ။
               မြက်စိုက်နည်း။ရာသီဥတုနဲ့ကိုက်ညီတဲ့မျိုးရွေးချယ်မှု စတာတွေကိုလည်း ပညာရှင်တွေက သင်တန်းတွေ ထပ်ဆင့်ပေးသလို  တောင်သူတွေနားလည်သဘောပေါက် ပူးပေါင်းလာအောင် နည်းမျိုးစုံနဲ့ နားသွင်းရမယ်။အခု ဒေါက်တာTin Maung Soe တို့မိသာစု တမူး စွန်လည်ရွာမှာ လုပ်နေတဲ့ မြက်စိုက်နွားမွေးစီမံကိန်း သိပ်ကောင်းတာပဲ။မြေကို ထွန်ဖို့ခက်ခဲတော့ တောကိုခုတ်ပြီး ပေါင်းသတ်ဆေး  ကို လှည်းနဲ့တင်ဖျန်းပြီး မြက်မျိုးတွေစိုက်တာ အခု ဧက ၂၀၀ လောက်ရှိနေပြီ။ဖြစ်လည်းဖြစ်တယ်။ဒီမြက်ခင်းထဲနွားထည့်ထား။အဟာရကလည်း ပြည့်သလားမမေးနဲ့။ဘာ ပဲဖတ်နှမ်းဖတ်မှ မလိုဘူး။နယူးဇီလန်လို မလုပ်နိုင်သေးပေမယ့် ကိုယ့်မှာရှိတဲ့အရင်းအမြစ်ကို ကောင်းကောင်း အသုံးချသွားတယ်။နောက် စိတ်ဝင်စားသူတွေကို ပညာရော မျိုးပါဖြန့်ပေးတယ်။ဒါ့ကြောင့် ဒီလိုခြံမျိုးတွေ များများပေါ်လာဖို့ စည်းရုံးရမယ်။တစ်ချို့ စီးပွားဖြစ်ခြံတွေ ကိုယ့်နွားအတွက် ကိုယ့်ဘာသာ စိုက်ထားတာတွေ့ဘူးပါရဲ့။ရော့အင့်ဆိုတာမျိုး လာယူဆိုတာမျိုး ဒီလိုစိုက်ဆိုတာမျိုး ရှိရင် ပြောပြကြစမ်းပါ။လွှတ်လိုက်ချင်လို့ပါ။တစ်မျိုးမထင်ပါနဲ့။နွား ဝယ်ရောင်းတွေလည်း ကိုယ်တိုင်မစိုက်နိုင် တစ်ခြားနည်းးနဲ့ကူညီခိုင်းရမယ်။
             ထားပါတော့။အဓိက ဆိုလိုရင်းက အစာအဟာရကိစ္စကို ဖြေရှင်းပေးနိုင်ရင် နည်းလမ်းတွေ ပေးနိုင်ရင် မွေးသူပိုမွေး မမွေးသူမွေးပြီး ကျွဲနွားမွေးမြူရေး အမှန်တစ်ကယ်ဖွံ့ဖြိုးလာမယ်ဆိုတာ ယုံကြည်ပါကြောင်း။

(စေတနာဖြင့်ပါ။အမှားပါလျင် ခွင့်လွှတ်ပါ။သိကြပြီးသား သိပြီးသားဆိုတာ သိပါတယ်။အဲ သိနေရုံနဲ့တော့)

ဒေါက်တာသိန်းလွင်

သူတို့ကြောင့်

"သူတို့ကြောင့်"

         FB ပေါ် ဘာမှမတင်တော့ဘူးလို့ အောင့်အီးနေကြည့်တာ မရ။ပြောချင်တဲ့စကားလေးတွေ ဘေးနားမှာ နားထောင်သူမရှိတဲ့အချိန် ရင်ထဲမှာလည်း မွန်းကြပ်နေချိန် ရေးမိတော့လည်း အင်းးးခွင့်လွှတ်ကြပါနော့။

"မွေးထားကျွေးထားတဲ့ ခွေးလောက်မှ သစ္စာမရှိ"

"ခွေးသူခိုး"

"ခွေးမသား"

"ခွေးသူတောင်းစား"

"ခွေးမျိုး"

"ခွေး ခွေး ခွေ့း"

          လူနဲ့အနေနီးစပ်တဲ့ တိရစ္ဆာန်တွေထဲ ခွေးကတော့ အနီးစပ်ဆုံး အတင်စားခံရဆုံး အချစ် အမုန်းခံရဆုံး။ဘယ်လောက်ချစ်သလဲဆို့

"လူမင်းရေ လာလာ ရော့ စားနော်"

"အွန်စောလေး အမေ့ကို မျှော်နေတာလား"

"ဟဲ့ ခိုင်သင်းကြည် ကမ ညည်းဘာမှမစားရသေးဘူးလား"

"ဘိုဂျွန် ဘိုဂျွန် လာ လာ"

"ဟဲ့ ဟိုကောင်မ ဆန်းမီ သွားစမ်း"

--------

          အင်း သရုပ်ဆောင်တွေလည်း နာမည်မကြီးလိုက်နဲ့ သူတို့ ခွေးလေး ကြောင်လေး နွားလေး ဝက်ကလေးတွေကို ချစ်နိုးအမည်မှည့်ပေးကြပါလေရော။(ဒါ့ကြောင့် ကျွန်တော် မင်းသားမလုပ်တာ။မတော် နာမည်ကြီးသွားမှ သိန်းလွင် သိန်းလွင် အို့ အို့ တွေ ဖြစိကုန်မှာစိုးရ)

           ချစ်ကြပါ မုန်းကြပါ။အဲ သုတို့ကနေ အင်မတန် အန္တရာယ်ကြီးတဲ့ ကူးစက်ရောဂါကြီး ရနိုင်တာလည်း သတိရကြပါ။ဖြစ်နိုင်ခြေတော့ နည်းတယ်ပေါ့။ဒီရောဂါ ဖြစ်နေတာ မမြင်ဘူးတောင် ကြောက်စရာကောင်းကြောင်း လူအတော်များများ သိကြပါတယ်။ဘာရောဂါလဲ။အားလုံးသိပြီးသား"ခွေရူးရောဂါ"ပေါ့။ကမ္ဘာပေါ်မှာ ခွေးရူးရောဂါကြောင့် နှစ်စဉ်လူဘယ်လောက်သေတယ်။ခွေးရူးကိုက်ခံရရင် ဘယ်လိုတွေဖြစ် ဘယ်လိုတွေခံစားပြီးသေရတယ် ဘယ်လိုကူးစက်တယ် ဆိုတဲ့ ကိန်းဂဏန်းတွေ ကြောက်စရာကောင်းပုံတွေနဲ ဖြဲခြောက်မနေတော့ပါဘူး(အမှန်က မသိလို့)မြင်သာထင်သာတာလေးတွေဘဲ ပြောကြည့်ရအောင်။
           ခွေးကိုက်ခံရလျင် ဘာပြောကြလဲ။ကံနိမ့်လို့ တဲ့။ခွေးကိုက်မခံရဦးတောင် အစွယ်ဖွေးဖွေးနဲ့ မာန်ဖီခြောက်တာမျိုး အလိုက်ခံရတာမျိုးဆို ခင်များတို့ ဘယ်လိုနေကြလဲ။ကြောက်ချက်ကတော့ ကန်းကုန်ပေါ့ဗျာ။ဘာပြောကောင်းမလဲ ဘာမှကို ပြောမကောင်းဘူး။ ရင်တုန်ပန်းတုန်တွေဖြစ် ရေတွေသောက် ရင်ဘတ်လက်နဲ့ဖိ ဘုရားစာတွေရွတ်။ဟုက်ဘူးလား။ဒါ ခွေးကောင်းပဲ ရှိသေးတာနော်။ရူးမလိုခွေး ရူးသလိုခွေး ရူးနေတဲ့ခွေးမဟုက်ဘူး။မတော်လို့ အကိုက်ခံရ အခြစ်ခံရ ဘာလုပ်ကြ။နီးရာဆေးရုံပြေး ဆေးထိုးကြရတာပဲမဟုက်လား။ဘာလို့ ဆေးထိုးကြလဲ။ရူးမှာကြောက်လို့ပေါ့ဗျ။ဟုက်တယ်နော်။
           ကဲ ဒီလောက်ကြောက်စရာကောင်းတဲ့ စိုးရိမ်ထိတ်လန့်ရတဲ့ ခွေးရူးရောဂါမဖြစ်အောင် ဘာလုပ်ကြမလဲ။ခွေးကိုက်မခံရအောင်နေပေါ့။ဟုက်ဘူးလား။အဲလိုနဲ့ရော ရောဂါ ပျောက်သွားရော့လား။ဘယ်ပျောက်မလဲဗျာ။လူပိန်းတောင်သိတယ်။ဒါဆို ဒီရောဂါဆိုးကြီးကို ကမ္ဘာပေါ်ကနေ နှင်ထုက်ကြစို့။ဒီရောဂါဖြစ်စေတဲ့ တိရစ္ဆာန်တွေရှိနေမှတော့ ရောဂါက အနည်းနဲ့အများရှိနေမှာပေါ့။ဒီတော့ ရောဂါမဖြစ်အောင် ဘာလုပ်မလဲ ရောဂါ မရှိအောင် ဘာလုပ်မလဲ။ဟုက်ကဲ့ prevention and control ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းလုပ်ရမယ်။
           ကာကွယ် ထိန်းချုပ်ခြင်းဆိုတာကတော့ အမျိုးမျိုးနည်းလမ်းတွေရှိတာပေါ့ဗျာ။ကာကွယ်ဆေးထိုးခြင်း။ဒါကတော့ ဖြစ်ပွားစေတဲ့ တိရစ္ဆာန်အထူးသဖြင့် ခွေ ကြောင်တွေကို တစ်နှစ်တစ်ကြိမ် ကာကွယ်ဆေးထိုးပေးတာ။ဒါလည်း ကိုယ့်အိမ်မှာရှိတဲ့ ဖမ်းလို့ရ ထိုးလို့ရတဲ့ ခွေးကြောင်တွေသာ ထိုးလို့ရတာ။ကျန်တဲ့ လေလွင့်ခွေးတွေ လွတ်နေဦးမှာပဲ။
             ကဲ ဘယ်လိုလုပ်ကြမလဲ။ဒီ ဂျစ်ပစီသုနက္ခောတွေက ပွားချင်သလိုပွား နေချင်သလိုနေကြ။ဘယ်လိုထိန်းချုပ်ကြမလဲ။ခွေးရူးရောဂါ ကင်းစင်ဖို့ ဒီလေလွင့်ခွေးတွေကို(အဆိပ်ချ)သုတ်သင်လို့ကတော့ အော်လိုက်ကြ ဆဲလိုက်ကြမယ့်ဖြစ်ခြင်း။ခွေးချစ်သူရော ခွေးမချစ်သူရော  ဝန်ထမ်းတွေဘာလုပ်လုပ် အကောင်းမမြင် ဆဲကိုဆဲရမှကျေနပ်သူတွေရော အစုံအစုံ။ဆဲနည်းတစ်ထောင်နဲ့ဆဲကြမှာ မြင်ယောင်သေး။"ကိုယ်ချင်းစာတရားကို မရှိဘူး။သူတို့ အဲလိုကျွေးကြည့်ပါလား။ဘာအပြစ်မှမရှိတဲ့ခွေးလေးတွေ သနားစရာ။ဝဋ်လည်ပါစေတော်။ခွေးလောက်တောင် ဘာဖြစ်တယ် ညာဖြစ်တယ်' စုံစေ့နေပါလိမ့်မယ်။ကဲဒါဆို ဒီခွေးတွေ မသတ်ဘူးဗျာ။ဒီရောဂါကလည်း ကြောက်ဖို့ကောင်းတာ ခင်များတို့အသိ။ဒီတော့ ကာကွယ်ဆေးထိုးရအောင် ခင်များတို့ လာဝိုင်းကူ ဝိုင်ဖမ်းပေးဆို တစ်ယောက်မှပေါ်လာမှာမဟုက်ဘူးဆိုတာ ယုံလား။သူများမေးမနေနဲ့ ကိုယ့်ဘာသာပြန်မေးကြည့်ကြ။
           ဒါဆို ဘယ်လိုထပ်လုပ်ကြမလဲ။အိမ်မွေးခွေးတွေကတော့ စီမံချက်နဲ့ ကာကွယ်ဆေးထိုး ရဦးမယ်။ဒါတောင် အကုန်မရနိုင်ဘူး။လေလွင့်ခွေးတွေကို ကာကွယ်ဆေးထိုးဖို့ကတော့ ဘယ်လောက်ခက်မယ်ဆိုတာ စဉ်းစားသာကြည့်။အနားကပ်မရလို့ ပြောင်းနဲ့မှုတ်ဦး ကျွမ်းကျင်သူအတွက်တောင် မသေချာ။သေနတ်ပစ်ဆေးထိုးရင်ကော အင်း မြန်မာပြည်ကြီး လူလူချင်းတိုက်ရတာ အားမရလို့ ခွေးနဲ့စစ်တိုက်နေတယ် ထအော်ကြဦးမယ်။
           နောက်တစ်နည်း ကာကွယ်ထိန်းချုပ်ဖို့ လေလွင့်ခွေးတွေ မျိုးမပွားအောင်လုပ်ကြည့်ရအောင်။ဖမ်းဖို့တောင် မလွယ်တဲ့ဟာ ဒါလည်း သိပ်မလွယ်ပါ။ခွေးမ ကို တားဆေး ပြောင်းနဲ့မှုတ်ဦး တစ်ကယ်ဖြစ်ပါ့မလား။ကျွန်တော့်ဘာသာ စိတ်ကူးယဉ်စဉ်းစားမိတာလေးပါ။မြို့တွေက ခွေးလေခွေးလွင့်တွေကို စီမံချက်နဲ့ မျိုးမပွားအောင် ထိန်းချုပ်မယ်။အထူးသဖြင့် အထီးတွေကို သင်းပစ်ရမယ်။ဒါဆို ဖမ်းမှဖြစ်မယ်(ခုန ခွေးတွေကို ဘာဖြစ်တယ် ညာဖြစ်တယ် ပြောသူတွေကို ဝိုင်းအဖမ်းခိုင်းရအောင်)ခွေးဖမ်းဖို့ ပိုက်တွေထောင် ခြောက်လှန့်ဖမ်းရင်လည်း တစ်မြို့လုံး အုတ်အော်သောင်းသဲဖြစ်ကုန်မှာမြင်ယောင်သေး။ပိုက်ထဲမိတောင် ထပ်ပြီးထိန်းချုပ်ဖို့ လုပ်ရဦးမယ်။ဒီလိုလုပ်ကြည့်ရင်ကော။အသားထဲမှာ မေ့ဆေးထည့်။ပစ်ကျွေး။ဒါလည်း ပြည်သူကို ကြိုတင် အသိပေး ကြေငြာပေးမှ။နို့မို့ အဆိပ်ချတယ်ထင်နေဦးမယ်။မေ့ဆေးစား မေ့နေတဲ့ ခွေးတွေကိုမှ အလွယ်တစ်ကူ ဖမ်း အထီတွေရော အမတွေပါ သင်း ကာကွယ်ဆေးပါထိုး နောက် ဒီကောင်တွေဒါတွေလုပ်ပြီးသားမှန်းသိအောင် အမှတ်အသားလုပ်(နွားတွေ နားကပ်တပ်သလိုပေါ့)။တစ်ခါနဲ့တော့ မရလောက်ဘူး။သုံးလေးခါ လုပ်။ကုန်လိုက်မယ့်ပိုက်ဆံ။ရှုပ်လိုက်မယ့်အလုပ်။စည်ပင် မီးသတ် ကြက်ခြေနီ မိခင်ကလေး အမျိုးသမီးရေးရာ ကျန်းမာရေး ပါတီဝင်တွေ ဘာအဖွဲ့ ညာအဖွဲ့ အုပ်ချုပ်ရေးက အစ အကုန်ပါမှရမယ်။ဘယ် ကျွန်တော်တို့ချည်း လုပ်လို့ဖြစ်ပါ့မလဲ။ပြည်သူကလည်း ပါရမယ်။ဟုက်တယ်လေ လူသားကောင်းကျိုးအတွက် အလုပ်လုပ်ရတာမို့ ခွေးရူးရောဂါတိုက်စစ်ဖေါ်တာပဲဥစ္စာ။ဟဲ ဟဲ စိတ်ကူးယဉ်ကြည့်တာပါ။
             ဘာပဲပြောပြောလေ။ကျွန်တော်ကသာ လူပိန်းတွေး တွေးနေတာပါလို့။ချစ်လွန်းသူ တို့ အန္တရာယ် သိသူတို့ အမြင်ကျယ်သူတို့ကတော့ ကိုယ့်အသိနဲ့ကို ကာကွယ်ဆေးထိုးကြသဗျ။

စေတနာဖြင့်ပါနော်။(font ပျောက်လို့ စားလုံးပေါင်း သီးခံဖတ်ပေးပါရန်)

ဒေါက်တာသိန်းလွင်