Download လုပ်မည့်သူများ သေချာစွာ အရင်ဖတ်ပါ

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။
Step 1 Click Download Button.

** Step-2. "5sec". လောက်စောင့်ပေ:ပါ။
Step 2 Please Wait 5 Sec.

**
Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
Step 3 Click " << SKIP AD >> " on the right conner.

** Step-4. Download Link ကျလာပါလိမ့်မယ်။
Step 4 Download Link will be appeared.

** အဆင်ပြေပါစေဗျာ။
**Good luck.Thank you.

Sunday, August 5, 2018

ခွေးရူး ဆိုတာ

"ခွေးရူး ဆိုတာ"

          သာမာန်အားဖြင့် ခွေးရူးရောဂါဖြစ်နေတဲ့ တိရစ္ဆာန်ဆိုတာ အများသိကြတာက ဦးတည်ရာမဲ့ ပြေးမယ် သွားရည်တစ်မြားမြားကျမယ် တွေ့ရာကိုက်မယ် ရေကြောက် အလင်းကြောက်မယ် စသည်ဖြင့် သိထားကြတာပါ။အဲလိုမဖြစ်ပဲ ငြိမ်ငြိမ်လေးနဲ့ရူးနေတဲ့ တိရစ္ဆာန်လည်းရှိပါတယ်။(ကြောက်ဖို့ကောင်းတယ်နော်။ခွေးရူးဖြစ်နေတဲ့နွားမှန်းမသိပဲ သွားရည်ကျလို့ ပါးစပ်ထဲအနာရှိလား နှိုက်မိတဲ့ တိဆေးကုဆရာဝန်တစ်ယောက်တော့ နွားကိုက်ခံရပြီး သေဘူးပါတယ် တဲ့)
            ဒီတော့ ခွေးရူးရောဂါ ဖြစ်မဖြစ် အဓိက သိသာတဲ့အချက်က behaviour changes ပါပဲ။ပုံမှန်အခြေအနေအရ ကိုက်တတ်တဲ့ခွေး ဆော့တတ် မြူးတတ်တဲ့ တိရစ္ထာန် တွေ ငြိမ်ကျသွားရင် သို့မဟုက် ပွတ်သက်ကိုင်တွယ်ချော့မြူ လို့ရတဲ့တိရစ္ဆာန် ငြိမ်တတ်တဲ့တိရစ္ဆာန် ရုတ်တရက် ဒေါသထွက်တာမျိုး ကိုက်တတ်လာတာမျိုး စတဲ့ ပုံမှန်အပြု အမှူ ကနေ ပြောင်းလဲသွားရင် သတိထားပါ။ခွေးရူးရောဂါ ဖြစ်နိုင်ခြေ ရှိနိုင်ပါတယ်။အထူးသဖြင့် လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ ပုံမှန်ဆို ကိုယ့်ကိုယ်ကိုယ် နာအောင် ကျင်အောင် သွေးထွက်အောင် မလုပ်ကြပါဘူး။အဲလို လုပ်ပြီဆိုလျင်တော့ ပုံမှန်မဟုက်တာ သေချာတာပေါ့။မူးရင်မူး မမူးရင်ရူး မရူးရင် ထူး တာပေါ့ဗျာ။
        နောက်တစ်ခု ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပြီးသား ခွေးကိုက်ခံရရင် ခွေးရူးရောဂါ ဖြစ်နိုင်လား မဖြစ်နိုင်လား။မဖြစ်ဘူး လို့ အာမမခံပါ။ဘာလို့ဆို ခွေးရူးကာကွယ်ဆေး ထိုးတဲ့ရည်ရွယ်ချင်က ခွေးရူးရောဂါဖြစ်စေတဲ့ လက်ခံကောင် ခွေး/ကြောင်တွေမှာ ခွေးရူးရောဂါပိုးကို breakdown ဖြိုခွဲချင်လို့ပါ။ကာကွယ်ဆေးတိုင်းမှာ risk ဆိုတာရှိပါတယ်။အပြည့်အဝကာကွယ်သည်လို့ မသုံးပါဘူး။ဘယ်လောက်ရာခိုင်နှုန်း ကာကွယ်နိုင်တန်စွမ်းရှိသည် လို့သာပြောကြပါသည်။ဥပမာအားဖြင့် မိုးလေဝသကြေငြာချက်မှာ မနက်ဖန်အတွက် မိုးရွာမည်။ရွာရန်ရာနှုံး ဘယ်လောက်ရှိပါသည် လို့ပြောပါတယ်။တစ်ကယ်ရွာမယ်လို့ ဒိဌပြောတာမဟုက်။လွန်ခဲ့သော နှစ်ပေါင်းများစွက ဒီလိုအခြေအနေမျိုးမှာ ဒီလိုဖြစ်ခဲ့တာ ရာခိုင်နှုန်းဘယ်လောက်ရှိသည် အပေါ် အခြေခံတွက်ထုက်သလိုပါ။ရောဂါကာကွယ်ဆေးထိုးထားလျင်လည်း ဒီရောဂါပိုးအများကြီးဝင်ရောက်လာရင် ခန္ဒာကိုယ်က ဘယ်နှစ်ရာခိုင်နှုန်း ကာကွယ်နိုင်တယ် ခန္ဒာကိုယ်ထဲမှာ ဒီရောဂါအတွက် ဘယ်လောက်ခံနိုင်ရည်ရှိတယ်လို့သာ ပြောရမှာပါ။အပြည့်အဝ ဆိုတာတော့ ဘယ်နေရာမှ ရှိမှာမဟုက်ပါဘူး။။
          ဒါ့ကြောင့် ခွေးတွေမှာထိုးတဲ့ ခွေးရူးကာကွယ်ဆေးဆိုတာ ခွေးတွေအတွင်းမှာ ဒီရောဂါပိုး ကို ဖြိုခွဲပေးလိုက်တာ လို့ သိစေချင်ပါကြောင်း။

ဆရာများ၏စကား ကောက်နှုတ်ချက်။

ဒေါက်တာသိန်းလွင်

No comments:

Post a Comment