Download လုပ်မည့်သူများ သေချာစွာ အရင်ဖတ်ပါ

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။
Step 1 Click Download Button.

** Step-2. "5sec". လောက်စောင့်ပေ:ပါ။
Step 2 Please Wait 5 Sec.

**
Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
Step 3 Click " << SKIP AD >> " on the right conner.

** Step-4. Download Link ကျလာပါလိမ့်မယ်။
Step 4 Download Link will be appeared.

** အဆင်ပြေပါစေဗျာ။
**Good luck.Thank you.

Sunday, August 5, 2018

မျိုးညံ့ပယ် စို့"

"မျိုးညံ့ပယ် စို့"

           မျိုးကောင်းရဖို့ မျိုးညံ့ ပယ်ရမယ်။ဒါ့ကြောင့် မျိုးညံ့နွားသိုး သင်းကွပ်ခြင်းက အရေးကြီးပါတယ်။အောက် အညာ ဒေသတွေမှာတော့ ပြောစရာတောင်မလို။ဘယ်ရွာက ဘယ်သူ့နွားမျိုးကောင်းတယ်ဆို ပိုက်ဆံပေးချင်သလောက်ပေးရပါစေ။သွားရောက် မျိုးတင်ကြ။ကျွန်တော်တာဝန်ကျခဲ့ဘူးတဲ့ ရှမ်း ကယား နဲ့ ယခု မော်လိုက် မှာတော့ ဒီကိစ္စကို သာမာန်ကာလျှံကာသာ သဘောထားကြတယ်။
           လွှတ်ကျောင်းနွားအုပ်တွေမှာ ဒီ နွားသိုးပေါက်စတွေက တစ်ကယ့်အန္တရာယ်ပဲ။အချင်းချင်း inbreeding ဝင်ပြီး နွားတွေက ပုသထက်ပုလာတယ်။အခု မန္တလေး မကွေး စစ်ကိုင်း စတဲ့ တိုင်းကြီးတွေအပြင် အခြား ပြည်နယ် တိုင်း တွေမှာ နွားဈေးကွက်ပွင့်တော့ နွားအရောင်းအဝယ်တွေဖြစ်ကြ။ကျွန်တော်တို့ဒေသမှာရော။ နွားပုဈေးကွက်က ကျဉ်းတော့ ဝယ်သူ သိပ်မလာ။လာဝယ်သူကလည်း ကောင်းတာလောက် ခေါင်းခေါက်ဝယ်သွားတယ်။ဘယ် အရောင်းအဝယ်ဖြစ်ပါစေ ကိုယ့်လက်ထဲ ပစ္စည်းကောင်းမရှိ အလကားပဲ။ဒါ့ကြောင့် ပစ္စည်းကောင်းရအောင် လုပ်ရမယ်။ဥုံ ဖွ ဆိုပြီးတော့ တန်းရမှာမဟုက်ဘူး။ဒါပေမယ့် ဆယ်စုနှစ်ထိ စောင့်စရာမလိုဘူး။(ပဲ နှမ်း လို ညစ်ပါတ် ပြီး အခြားဟာတွေနဲ့ရော ဈေးကွက်ပျက်စရာမလို အသီးအနှံလို ဈေးကောင်းရဖို့ ဆေးထိုးဆေးဖျန်းစရာမလိုတဲ့ နွားဈေးကွက်။နွားမွေးပြီး ရောင်းတာကျတော့ ငရဲ အလုပ်လို့ ထင်သူကရှိသေး။ခုန လို ညစ်ပါတ်တာ ဆေးထိုးဆေးဖျန်းတာတွေကြတော့ နတ်ပြည်ခြောက်ထပ် တန်းရောက်မှာကျနေတာပဲ။)
         ဒါ့ကြောင့် ကျွန်တော့်ဝန်ထမ်းတွေကို ရောက်စကတည်းက ကျွန်တော်လုပ်ချင်တဲ့ လမ်းစဉ် ချပြတယ်။

နွားမွေးမြူ ရေးဖွံ့ဖြိုးပြီး တောင်သူတွေ ဝင်ငွေတိုးဖို့

(၁)မျိုးညံ့နွားသိုးတွေ သင်းကွပ်ပါ(ခိုင်းမည့်ဟာလောက် မသင်းပါနဲ့)

(၂)မျိုးကောင်းနွားနဲ့ သားစပ်ပါ။(အခြားဒေသက မဝယ်နိုင်တောင် ကိုယ့်ဒေသက နာမည်ရှိတဲ့ နွားသိုးနဲ့ သားစပ်ပါ။)

(၃)အခြေအနေပေးလျင် မေထုံမဲ့ သားစပ်လုပ်ငန်း စတင်နိုင်အောင် ကြိုးစားမယ်။

(၄)အဟာရ အတွက် မြက်စိုက် ခိုင်း။မြက် ကောက်ရိုး ပြောင်းရိုး စတာတွေကို ပြု ပြင်ကျွေးမွေးနည်း သင်ပေး။

          ဒီအတိုင်း လမ်းစဉ်ချ  ကိုယ်တိုင်လည်း ကွင်းဆင်းဟောပြော စည်းရုံး။စံပြ ကျေးရွာ သတ်မှတ်ပေးလိုက်တယ်။လူက တစ်ယောက်တည်းရုန်းလို့မရဘူး။အောက်ကလူက ကိုယ့်သဘောကိုနားလည်ပြီး ခွန်အားစိုက်ပေးမှ။ဘာပြောပြော မျိုးညံ့နွားသိုးသင်းကွပ်တာ အရေးကြီးပါတယ်။အရေးကြီးလို့ လချုပ်ထဲမှာ သင်းကွပ်ခြင်းဆိုတာ ထည့်ထားတာပေါ့။
       တစ်နေရာတည်းစုပြီး နွားကောင်းပေါနေလို့မရဘူး။ရောင်းတန်းဝင်နွားတွေရဖို့ အခုကတည်းက ပြင်ဆင်ထားမှရမယ်။ဒါမှ နိုင်ငံအတွက် ဝင်ငွေတိုးသလို တောင်သူတွေလည်း ရောင်းဖို့ ရှိနေရမှာပေါ့။နွားတွေ ကုန်သွားမလား မစိုးရိမ်ပါနဲ့။အမ တွေ မပို့ရပါဘူး။အမ တွေ ရှိနေမှတော့ နွားသိုးမရှိတောင် မေထုံမဲ့ လုပ်လို့ရတယ်။
သိနေရုံ ရေးနေရုံနဲ့ မရတာတော့ အားလုံးသိပြီးသားပါ။

ဒေါက်တာသိန်းလွင်

No comments:

Post a Comment