Download လုပ်မည့်သူများ သေချာစွာ အရင်ဖတ်ပါ

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။
Step 1 Click Download Button.

** Step-2. "5sec". လောက်စောင့်ပေ:ပါ။
Step 2 Please Wait 5 Sec.

**
Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
Step 3 Click " << SKIP AD >> " on the right conner.

** Step-4. Download Link ကျလာပါလိမ့်မယ်။
Step 4 Download Link will be appeared.

** အဆင်ပြေပါစေဗျာ။
**Good luck.Thank you.

Sunday, May 19, 2013

ဝက်၏ဆဲလ်မှ ထုတ်လုပ်ထားသော အသည်းတု

ုရုတ်ချည်း (သို့) နာတာရှည် အသည်းပျက်စီးခြင်း (liver failure)က အသက်အန္တရာယ်ရှိစေနိုင်ပြီး ဤကဲ့သို့ဖြစ်လာသည့်အတွက် ခန္ဓာကိုယ် ထဲတွင်စုပုံလာသော အဆိပ်အ တောက်များက အရေပြားတွေကို ၀ါလာစေရုံသာမက ဦးနှောက်၏ လုပ်ငန်းဆောင်တာ ဆောင်ရွက်မှုများကိုနှေးကွေးစေလေသည်။ ယင်း အခြေအနေမျိုး တွင် အသည်းအစား ထိုးရန်မှတစ်ပါးထိရောက်သောကုထုံး မရှိပေ။ သို့သော် USDA မှ တိရစ္ဆာန် လေ့လာရေးပညာရှင် Neil Talbot က ယင်းအခြေအနေကို ပြောင်းလဲ ပေးနိုင်မည့်အခြေအနေတစ်ခုကို လမ်းစတွေ့ရှိခဲ့လေသည်။ ယင်းမှာ ၀က်၏အသည်းမှထုတ်လုပ်ထားသော PICM 19 ဟုခေါ်သည့် ဆဲလ်ကလူ၏အသည်းမှ လုပ်ကိုင်သော လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်နိုင် ကြောင်းတွေ့ရှိခဲ့သည်။ PICM 19 ဆဲလ်အား Talbot က ၁၉၉၁တွင် ၈ရက်သား ၀က်သန္ဓေသားဆဲလ်မှ ထုတ်ယူခဲ့ခြင်းဖြစ်ပြီး၊ ယင်းဆဲလ်က အကြိမ်ပေါင်းများစွာ(အဆုံးမရှိ)ပွားများနိုင်ကြောင်းတွေ့ရသည်။ ယင်းဆဲလ်များက သည်းခြေပြန်နှင့် အသည်းဆဲလ်များသို့ ပြောင်းသွားနိုင်ပြီး သည်းခြေရည်ထုတ်ခြင်း၊ ဂလူးကို့စ်ထိန်းသိမ်းပေးခြင်း၊ ဗီတာမင်ဒီ ထုတ်လုပ်ရာ၌ကူပေးခြင်း၊ အဆီများချေဖျက်ရာ၌ လုပ်ဆောင် ပေးခြင်းစသည်တို့ကို လုပ်ဆောင် ပေးနိုင်သည့်အပြင် သွေးထဲမှ အညစ် အကြေးများအားလည်း စွန့်ပစ်ပေး နိုင်ကြောင်း သိရသည်။ ယင်း PICM 19 ဆဲလ်အား ဗီဇပြောင်းလဲပေးခြင်း များ ပြုလုပ်ပေးပြီး လူသားများထံတွင် အသုံးပြုနိုင်ရန် ပြုပြင်ပြီးပါက အစား ထိုးရမှုကိုလျော့ချပေးနိုင်လိမ့်မည်ဟုဆိုသည်။


မိုင်ကိ
Ref:MNT


Credit to တိရစ္ဆာန်ဆေးပညာ

No comments:

Post a Comment