Download လုပ်မည့်သူများ သေချာစွာ အရင်ဖတ်ပါ

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။
Step 1 Click Download Button.

** Step-2. "5sec". လောက်စောင့်ပေ:ပါ။
Step 2 Please Wait 5 Sec.

**
Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
Step 3 Click " << SKIP AD >> " on the right conner.

** Step-4. Download Link ကျလာပါလိမ့်မယ်။
Step 4 Download Link will be appeared.

** အဆင်ပြေပါစေဗျာ။
**Good luck.Thank you.

Thursday, April 25, 2013

ကမ္ဘာ့တိရစ္ဆာန်ဆေးကုနေ့ မန္တလေးတွင်ကျင်းပမည်။



    2013 ဧပြီ 27 ရက်တွင် ကျရောက်မည့် ကမ္ဘာ့တိရစ္ဆာန် ဆေးကုနေ့အတွက် ကမ္ဘာ့တိရစ္ဆာန်ဆရာဝန်များ အသင်းမှ “ရောဂါတားဆီးထိန်းချုပ်ဖို့၊ ကာကွယ်ဆေးကို ထိုးကြစို့” ဆောင်ပုဒ်အားသတ်မှတ်ထားရာ မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကုဆရာဝန်များအသင်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)တို့ပူးပေါင်း၍ ယင်းဆောင်ပုဒ်နှင့် အညီ မန္တလေးတိုင်းဒေသကြီးအတွက် ကမ္ဘာ့တိရစ္ဆာန် ဆေးကုနေ့ အထိမ်းအမှတ်အခမ်းအနားကို ဧပြီ 27 ရက် နံနက် 8နာရီတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)ရုံး၌ ကျင်းပသွားမည်ဖြစ်သည်။
       အဆိုပါ အခမ်းအနားတွင် ကမ္ဘာ့တိရစ္ဆာန်ဆေးကုနေ့အထိမ်းအမှတ်အဖြစ် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာရဲထွဋ်အောင်က “ ရောဂါတားဆီး ထိန်းချုပ်ဖို့၊ ကာကွယ်ဆေးကိုထိုးကြစို့” ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးမည်ဖြစ်ပြီး ယင်းနေ့တွင် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များ အသင်းနှင့် မွေးမြူရေးနှင့်ကုသရေးဥိးစီးဌာန (မန္တလေးတိုင်းဒေသကြီး)တို့ ပူးပေါင်း၍ မန္တလေးမြို့အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး)ရုံး၊ချမ်းမြသာစည်မြို့နယ် မြို့သစ်(၂) ရှိ(ဈ)ရပ်ကွက်အုပ်ချုပ်ရေးရုံး(င)ရပ်ကွက်ဓမ္မာရုံ စသည့် သုံးနေရာတို့တွင် မန္တလေးမြို့ပေါ်ရှိ မွေးမြူထားရှိသော ခွေး၊ကြောင်တို့အား ခွေးရူးပြန် ရောဂါ ကာကွုယ်ဆေးများ မည်သူ့ကို မဆို အခမဲ့ထိုးနှံပေးသွားမည်ဖြစ်သည်။
           ထို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဥိးလွင်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင်လည်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးသွာုးမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ကမ္ဘာ့တိရစ္ဆာန် ဆေးကုနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအပြင် နေပြည်တော်ကောင်စီနယ်မြေ၊ရန်ကုန်တိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (မြောက်ပိုင်း)တို့တွင်လည်း ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

မြန်မာ့အလင်း

No comments:

Post a Comment