ယခုနှစ်တွင် ကျရောက်သည့် ၂၀၁၃ ခုနှစ် ကမ္ဘာ့တိရစ္ဆာန် ဆေးကုနေ့ အခမ်းအနားကို
ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်း မြန်မာနိုင်ငံ
ငါးလုပ်ငန်း အဖွဲ့ချုပ် သီရိအဏ္ဏ၀ါ ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးပညာ ကောင်စီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စောပလယ်စော၊ မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကု ဆရာဝန်များ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ တင်တင်မြိုင်၊ တိရစ္ဆာန် ဆေးကု ဆရာဝန်များ အသင်းနှင့် ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာပတိ မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးပညာ ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ စောပလယ်စောက အမှာစကား ပြောကြားပြီး ပါမောက္ခ ဒေါက်တာ တင်တင်မြိုင်က "Roles of Veterinarian to Prevent and Protect infectious diseases" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါက်တာ လှလှသိန်းက "Vaccines that are existing in Myanmar Livestock Industries" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါက်တာ ကျော်နိုင်ဦးက "Current role of Livestock Breeding and Veterinary Department combating infectious diseases in Myanmar" ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောကြပြီး အခမ်းအနား တက်ရောက်လာသူ များက သိရှိလိုသည် များကို မေးမြန်းကြရာ တာဝန်ရှိသူ များက ပြန်လည်ဖြေကြား ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
credit to Myawaddy

No comments:
Post a Comment