ယခုအသုံးပြုလျက်ရှိသော
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တံဆိပ်မှာ အောက်ပါအတိုင်း အမှတ်အသားတစ်ခုစီ၏
အဓိပ္ပါယ်ပြည့်ဝသော အချက်အလက်များပါရှိပေသည်။
(က) ရွှေဝါရောင်စပါးနှံနှစ်ခက်မှာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးကို ကိုယ်စားပြုပါသည်။
(ခ) တောင်ဝေးမှာ ဆေးဝါးနှင့် ဆေးကုသခြင်းကို အဓိပ္ပါယ်ဖော်ညွှန်းပါသည်။
(ဂ) မြွေမှာ အသက်ရှင်သန်ခြင်း ထာဝစဉ်နုပျိုဆန်းသစ်ခြင်း မျိုးအောင်ခြင်း မျိုးပွားခြင်း စသည့်အရည်အချင်းများကို ဖော်ဆောင်ခြင်း ဖြစ်ပါသည်။
(ဃ) မြွေနှစ်ကောင်မှာ ဆေးကုသရေးပညာနှင့် မွေးမြူရေးပညာရပ်ကို ကိုယ်စားပြုခြင်း ဖြစ်ပါသည်။
(င) ဗွီ အင်္ဂလိပ်စာလုံး (V)မှာ နိုင်ငံတကာအသိအမှတ်ပြု မွေးမြူရေးဆိုင်ရာဆေးပညာကို ကိုယ်စားပြုပါသည်။
(စ) စာအုပ်ဖွင့်ထားသောပုံမှာ မွေးမြူရေးပညာရပ်နှင့် ဆေးကုသရေးပညာရပ်များကို သင်ကြားပေးသော တက္ကသိုလ်ကို ရည်ညွှန်းပါသည်။
ဆောင်ပုဒ်မှာ ယခင်ကကဲ့သို့ပင် မွေးမြူဆေးကု တိုင်းပြည်ပြု ဖြစ်ပါသည်။
(ဆ) နောက်ခံအပြာရောင်မှာ ဖြောင့်မတ်ခြင်း တည်ကြည်ခြင်း စသည့် အဓိပ္ပါယ်များကို ဖော်ဆောင်ပါသည်။

No comments:
Post a Comment